Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E Mr. Chhouk Bunna အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဩဂုတ်လ (၁၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ (၁၈-၈-၂၀၂၀) ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. Chhouk Bunna အား နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေးအပြင် Familiarization trips များ ဆောင်ရွက်ခဲ့မှု အခြေအနေ၊ ပုဂံ-အန်ကောဝပ် ရှေးဟောင်းမြို့တော် ခရီးသွားမြှင့်တင်ရေးအတွက် Two Ancient Cities-One Destination ဖြင့် ဆောင်ရွက်နေမှုအခြေအနေ၊ COVID-19 အလွန်ကာလ ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုတိုးတက်လာစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။