Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် နိုင်ငံအဆင့်ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အဖွဲ့ (National Tourism Professional Board-NTPB) နှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့တို့နှင့် ညှိနှိုင်း အစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဩဂုတ်လ (၂၈) ရက် ယနေ့ (၂၈-၈-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော် ဉီးဆောင်၍ နိုင်ငံအဆင့်ခရီးသွားလုပ်ငန်း ကျွမ်းကျင် ပညာရှင်များအဖွဲ့ (National Tourism Professional Board-NTPB) နှင့် ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့ (Tourism Professional Certification Board-TPCB) အဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆက်စပ် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နိုင်ငံအဆင့်ခရီးသွားလုပ်ငန်း ကျွမ်းကျင် ပညာရှင်များအဖွဲ့ (NTPB) ၊ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့ (TPCB) အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူ များက Online မှ ပါဝင်တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် NTPB ၊ TPCB များကို ASEAN Tourism Professional Registration System တွင် တရားဝင်မှတ်ပုံတင်ခြင်း အပါအဝင် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။