Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်သည့် ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၀ ) ကြိမ်မြောက်အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ (၂၄) ရက် ယနေ့ (၂၃-၉-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ခရီးသွားလုပ်ငန်းကော်မတီ ဉက္ကဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်သည့် ခရီးသွားလုပ်ငန်း ကော်မတီ (၃/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကို နေပြည်တော်ရှိဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ကော်မတီဝင်များဖြစ်ကြ သည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး ပြည်နယ်များမှ အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (Luxembourg Development Cooperation Agency) မှ ကျွမ်းကျင်ပညာရှင်များက Online မှ ပါဝင်တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီဉက္ကဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဒုတိယသမ္မတ(၂) ဦးဆောင်သည့် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ပေါ်လာအောင် ခရီးသွားလုပ်ငန်းကော်မတီက ဖော်ဆောင်ပေးရမည်ဖြစ်ပါကြောင်း။ ယနေ့ အစည်းအဝေးမှာ တက်ရောက်လာကြ သူများအနေနှင့် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည် ထူထောင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဝိုင်းဝန်း ဆွေးနွေးကြရန်ဖြစ်ပါကြောင်း။ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည် ခရီးသွားလုပ်ငန်းကို ပြန်လည်ထူထောင်ရန် အတွက် မြန်မာနိုင်ငံ အနေနဲ့ UNWTO၊ PATA  စသည့် နိုင်ငံတကာခရီးသွားလုပ်ငန်း အဖွဲ့အစည်း များက ထုတ်ပြန်သည့် လမ်းညွှန်ချက်များနှင့် COVID-19 ကာလအလွန် ခရီးသွားလုပ်ငန်း ပြန်လည် ထူထောင်ရေး ဆွေးနွေးပွဲများ၊ ဒေသတွင်း အဖွဲ့အစည်းများဖြစ်သည့် ASEAN နဲ့ GMS အဖွဲ့များက ပြုလုပ်သည့် အစည်းအဝေးနှင့် Conference များတွင် ပါဝင်တက်ရောက်ပြီး မြန်မာနိုင်ငံနှင့် သင့်တော်ကိုက်ညီမည့် အချက်အလက်များကို စုစည်းကာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအတွက် ကုစားရေးအစီအစဉ် (COVID-19 Myanmar Tourism Relief Plan) ကို CERP နောက်ဆက်တွဲ အဖြစ် ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များနှင့် ပူးပေါင်းရေးဆွဲအတည်ပြုပြီး Survival၊ Reopening နဲ့ Relaunching ဆိုတဲ့ အဆင့် (၃) ဆင့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း။ CERP ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ COVID-19 Myanmar Tourism Relief Plan ရဲ့ Review ကို ခရီးသွား လုပ်ငန်း အသင်းအဖွဲ့များနှင့် ပူးပေါင်းရေးဆွဲပြီးဖြစ်ပြီး ယနေ့ အစည်းအဝေးမှာ အတည်ပြုသွားရန် ရှိပါကြောင်း။ ခရီးစဉ်ဒေသများကို အနီးကပ် စနစ်တကျစီမံခန့်ခွဲနိုင်ရန် တိုင်းနှင့်ပြည်နယ်အသီးသီးတွင်  တိုင်းရင်းသားရေးရာဝန်ကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ ပါဝင်သည့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO) များကို ခရိုင်နှင့် မြို့နယ်အဆင့်အထိ ခရီးသွားလုပ်ငန်းလိုအပ်ချက်အပေါ် မူတည်၍ ဖွဲ့စည်းပေးခဲ့ပြီး DMO များ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုလည်း အကြံပြုသတ်မှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ကြီး ဌာနအနေနဲ့ လိုင်စင်အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းအားလုံးကို e-license စနစ်ဖြင့် ခွင့်ပြုပေးနိုင်အောင် ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာနသို့ ပေးချေရမည့် ငွေပေးချေမှုအားလုံးကို Online ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း၊ ဟိုတယ်များ တည်းခိုရိပ်သာများ၏ ဧည့်စာရင်းတိုင်ကြားမှုကို Guest List Information Management System သို့ လုံးဝ(လုံးဝ)ပြောင်းလဲသွားရမည်ဖြစ်ပြီး ထိုကိစ္စ အားလုံးသည် COVIDd-19 ထိန်းသိမ်းကာကွယ်ရန် Physical contact နည်းနိုင်သမျှ နည်းအောင် စီမံဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့  COVID-19 Economic Relief Plan (CERP)၊ ဝန်ကြီးဌာနက ပြုစုရေးဆွဲထားတဲ့ COVID-19 Tourism Strategic Roadmap၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (UNWTO) ရဲ့ COVID-19 Tourism Recovery TA Package၊ အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီက ချမှတ်ထားတဲ့ ခရီးသွားလုပ်ငန်းဦးစားပေး အစီအစဉ်များကို ပေါင်းစပ်ပြီး Myanmar Tourism Strategic Recovery Roadmap (2021-2025) ကို Lux Dev မှ ပြည်တွင်းပြည်ပခရီးသွား ပညာရှင်များနှင့် ပူးပေါင်းရေး ဆွဲလျက်ရှိပြီး ခရီးသွား လုပ်ငန်းအသင်းအဖွဲ့များ၏ feedback များအားလည်းတောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ထိုလမ်းပြ မြေပုံသည် COVID-19 ကာလအလွန် ခရီးသွား လုပ်ငန်းပြန်လည် ထူထောင်ရေးအတွက် များစွာအကျိုးရှိမည်ဟု ယုံကြည်ပါကြောင်းနှင့် လမ်းပြမြေပုံအတွက် ဆက်လက် ဆောင်ရွက်ရမှုများကို ဒုတိယဝန်ကြီးက ရှင်းပြပေးသွားမည်ဖြစ်ပြီး အစည်းအဝေးကို တက်ရောက်လာကြတဲ့ ကော်မတီဝင်များကလည်း ဝိုင်းဝန်းပြီး အကြံပြုဆွေးနွေး ပေးကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားပါသည်။ ထို့နောက် ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က နိုင်ငံတော်က ချမှတ်ထားသည့် COVID-19 Economic Relief Plan (CERP) အရ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွက် ချေးငွေရရှိမှု အခြေအနေများ၊ COVID-19 ကာလတွင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ ဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိသည့် Myanmar Tourism Strategic Recovery Roadmap နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီးနောက် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၀ ) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် Online မှ တက်ရောက်ကြသည့် ခရီးသွားလုပ်ငန်းကော်မတီဝင် နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကော်မတီဝင်ခရီးသွားလုပ်ငန်း တတ်သိ ပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များက COVID-19 အလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာစေရေး၊ ခရီးစဉ်ဒေသများ စနစ်တကျရှိစေရေး၊ ခရီးသွားများ ဘေးကင်းလုံခြုံရေးနှင့် ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် အကြံပြုချက်များကို အသီးသီးဆွေးနွေးတင်ပြပြီး လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း (Luxembourg Development Cooperation Agency) မှ တာဝန်ရှိသူများက Myanmar Tourism Strategic Recovery Roadmap (2021-2025) ရေးဆွဲနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။