Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ ဒသမအကြိမ်အစည်းအဝေးသို့ Online မှ ပါဝင်တက်ရောက်

နေပြည်တော်၊ အောက်တိုဘာလ (၁၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယနေ့         (၁၄-၁၀-၂၀၂၀) ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်သည့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ ဒသမအကြိမ်အစည်းအဝေးသို့ Video Conferencing  ဖြင့် Online မှ ပါဝင်တက်ရောက်ပြီး အစည်းအဝေးတွင် COVID-19 ကပ်ရောဂါကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများအပေါ် သက်ရောက်မှုအခြေအနေများ၊ ချေးငွေဆိုင်ရာကိစ္စရပ်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအပေါ် သက်ရောက်မှုများကို ကုစားရန် ကာလတိုနှင့်ကာလရှည် ဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။