Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းတို့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာလ ၁၅ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ ၁၅-၁၀-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြပါ သည်။ တွေ့ဆုံစဉ် ဂျပန်-မြန်မာခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ ကိစ္စရပ်များ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးထားမှုဆိုင်ရာ များ၊ မြန်မာ-ဂျပန် ခရီးသွားမြှင့်တင်ရေးအတွက် Familization trips များ စီစဉ်ဆောင်ရွက်ရေး ဆိုင်ရာများ၊ မြန်မာ-ဂျပန် ချစ်ကြည်ရေးအထိမ်းအမှတ် ချယ်ရီပန်းပင် စိုက်ပျိုးပွဲများ ကျင်းပမှု အခြေအနေများ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းအား ဆက်လက်တွေ့ဆုံ၍ မြန်မာ-မလေးရှား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက် ရေးနှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာများ၊ ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းရင်းနှီး မြှုပ်နှံမှုဆိုင်ရာများနှင့် COVID-19 အလွန်တွင် ခရီးသွားပြပွဲများ ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။