10
Nov
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်ဦးဆောင်၍ COVID-19 နောက်ပိုင်းရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော်၊ နိုဝင်ဘာလ (၁၀) ရက်
နေပြည်တော်၊ နိုဝင်ဘာလ (၁၀) ရက်
ယနေ့ (၁၀-၁၁-၂၀၂၀) ရက်နေ့ မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ဦးဆောင်၍ ဝန်ကြီးဌာနရှိဌာနခွဲများနှင့် ရုံးခွဲများအလိုက် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ဝန်ကြီးဌာနနီလာအစည်းအဝေးခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့်ဌာနခွဲအလိုက် ဌာနတာဝန်ခံများတက်ရောက်ခဲ့ကြပြီး ဝန်ကြီးဌာနရှိဌာနခွဲ၊ ရုံးခွဲများအလိုက် COVID-19 နောက်ပိုင်းကာလတွင် ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်လာစေရန် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။