Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း) ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ ဩဂုတ်လ (၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်သည် သြဂုတ်လ(၂) ရက်နေ့ နံနက်ပိုင်းကရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ သစ်တစ်ပင်တောင်အပန်းဖြေစခန်း ၊ ရိုးရာယွန်းထည်လုပ်ငန်းနှင့် ရိုးရာချည်ထိုးပန်းထိုးလုပ်ငန်းများ ဆောင်ရွက်နေသည့်နေရာများသို့ သွားရောက်ကာ ခရီးစဉ်ဒေသအသစ် (New Destination)၊ ခရီးစဉ်လမ်းကြောင်းအသစ် (New package)များ ဖော်ဆောင်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။   ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့ရှိ ကတ်သလစ်သာသနာပြုကျောင်းတိုက် ၊ ရပ်တော်မူဘုရား၊ မဟာမြတ်မုနိဘုရားကြီးနှင့် နောင်တုံကန်သို့ သွားရောက်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid-19 ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များ၊ Physical Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ခရီးစဉ်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်မှုအခြေအနေနှင့် ခရီးစဉ် လမ်းကြောင်းအသစ်များ ဖော်ထုတ်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု့ကာ ခရစ်ယာန် သာသနာပြုဆရာတော်နှင့် ဘုရားဂေါပကများထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။   ထို့နောက် ဒုတိယဝန်ကြီးဦးတင်လတ်နှင့်အဖွဲ့သည် ကျိုင်းတုံခရိုင်တွင် ဖွဲ့စည်းမည့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး ကော်မတီ (DMO) တွင် ပါဝင်မည့်သူများအား တွေ့ဆုံပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်ကြီးချုပ်များဦးဆောင်သည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများကဒေသ၏ လိုအပ်ချက်များ ပေါ် မူတည်၍ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် သင့်တော်သည့် ခရီးစဉ်ဒေသများ၊ လူထု အခြေပြုခရီးသွားလုပ်ငန်းများနှင့် ခရီးစဉ်လမ်းကြောင်းအသစ်များ၊ ခရီးစဉ်ဒေသဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ အသင်း အဖွဲ့များနှင့် ဒေသခံများ အချိုးညီညီပါဝင်သည့် DMOများကို ဖွဲ့စည်းပြီး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားပါသည်။   ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် ဒေသခံများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် တွေ့ကြုံနေရသည့် အခက်အခဲများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးဦးတင်လတ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် လွယ်မွေရှိ နှစ်(၁၀၀)ကျော် သက်တမ်းရှိသည့် အဆောက်အဦးကို သွားရောက်ကြည့်ရှု့ခဲ့ပါကြောင်းသတင်းရရှိပါသည်။   ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့သို့ရောက်ရှိကာ တောင်ကြီးမြို့ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့ဥက္ကဌများနှင့် ဟိုတယ်လုပ်ငန်းရှင်များအား အလွတ်သဘော တွေ့ဆုံကာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နေမှုများ ၊ CERP ၏ နောက်ဆက်တွဲအဖြစ် Myanmar Tourism Strategic Recovery Road Map Guideline ရေးဆွဲဆောင်ရွက်နေမှုများနှင့် ဒေသ အလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဟိုတယ်နှင့်ခရီးသွား အသင်းအဖွဲ့များ၊ လုပ်ငန်းရှင် များ၏ စည်းစည်းရုံးရုံးအားတက်တရော ပူးပေါင်းပါဝင် ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ ကြပါတယ်။   ထို့နောက် သြဂုတ်လ(၃)ရက်နေ့ နံနက်ပိုင်းက ဒုတိယဝန်ကြီးဦးတင်လတ်သည် ဆီဆိုင်မြို့နယ်၊ ပုန်းအင်းဒေသရှိ ပန်လွန်ရွာသို့ သွားရောက်၍ ကျေးရွာဘုန်းကြီးကျောင်းဆရာတော်နှင့် တွေ့ဆုံကာ လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ဖော်ဆောင်နိုင်မှု အခြေအနေများကိုရှင်းလင်းပြောကြားပြီး ဆရာတော်ထံသို့ လှူဖွယ်ဝတ္ထုများဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီနောက်ကျေးရွာအတွင်း CBT ဖော်ဆောင်နိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။   အဲ့ဒီမှတဆင့် ဒုတိယဝန်ကြီးသည် သမိုင်းဝင် မွေတော်ကက္ကူဘုရားသို့ သွားရောက်ပြီး ဘုရား အနီးရှိ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် Covid-19 ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ Physical Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ မွန်းလွှဲပိုင်းတွင် ညောင်ရွှေမြို့ အရှေ့ဖက်ခြမ်းရှိ အမှိုက် မီးရှို့စက် ရှိရာနေရာသို့ ရောက်ရှိပြီး ညောင်ရွှေမြို့ စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ညောင်ရွှေမြို့ အမှိုက်သိမ်းစနစ်နှင့် အမှိုက်မီးရှို့စက် ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါတယ်။