Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့်အဖွဲ့ ကယားပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် ချယ်ရီပန်းပင်စိုက်ပျိုးပွဲ ကျင်းပရန် ဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ၊ နိုဝင်ဘာ (၂၅) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယ ဝန်ကြီး ဦးတင်လတ်နှင့်အဖွဲ့ဝင်များသည် ကယားပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ဂျပန်-မြန်မာချစ်ကြည်ရေးအထိမ်းအမှတ် ချယ်ရီပန်းပင် စိုက်ပျိုးပွဲ ကျင်းပရန် ဆောင်ရွက်မှုအခြေအနေများအား သိရှိနိုင် ရန်အတွက် ကယားပြည်နယ်သို့ သွားရောက်ခဲ့ပါသည်။  (၂၃.၁၁.၂၀၁၉) ရက်နေ့  ညနေပိုင်းတွင်  လွိုင်ကော် မြို့၊ Famous Hotel ၌ ကယားပြည်နယ်ရှိ ဟိုတယ် လုပ်ငန်းရှင် များ၊ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် တွေ့ဆုံခဲ့ပြီး တွေ့ဆုံပွဲတွင် ကယားပြည်နယ်တွင် ဂျပန်-မြန်မာ ချစ်ကြည်ရေး ချယ်ရီပင်များကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ တွင် စိုက်ပျိုးမည့် ကိစ္စရပ်များ ၊ ကယားပြည်နယ်သို့ ဂျပန်ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်စေရန် ခရီးသွားမြှင့်တင်မှုများ ဆောင်ရွက်မှုအခြေအနေများ နှင့်ပြည်နယ် အတွင်းရှိလုပ်ငန်းရှင်များမှလည်း လာရောက်မည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင် မှုကောင်းများပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြ ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၂၄.၁၁.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင်  ကယားပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် လိုက်ပါလျက် လွိုင်ကော်မြို့ ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနရုံးသစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လောပိတ အမှတ်(၂)ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ရပ်ကြည့်နားနေဆောင် သို့ ရောက်ရှိကာ  ဂျပန်နိုင်ငံသားခရီးသည်များကို လည်ပတ်လေ့လာရေးနှင့် ဆွဲဆောင်နိုင်မည့် အခြေအနေများကိုသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံမှူးက လောပိတရေအား လျှပ်စစ်စက်ရုံ တည်ဆောက်ခဲ့မှုအား ရှင်းလင်းတင်ပြခဲ့ပြီး မှတ်တမ်းဗွီဒီယိုအား ပြသခဲ့ပါသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် အဖွဲ့ သည် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့်ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီဝင်များနှင့်တွေ့ဆုံကာ ကယားပြည်နယ်ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများ၊လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေး ချယ်ရီပန်းပင်များစိုက်ပျိုးရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ကယားပြည်နယ်ဝန်ကြီးချုပ်လိုက်ပါလျက် ချယ်ရီပန်းပင် စိုက်ပျိုးမည့် လွိုင်ကော်မြို့ ဗုဒ္ဓဉယျာဉ်တော်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင် ရွက်နေသည့် ပန်ပက်ကျေးရွာသို့ သွားရောက်ကာ ခရီးသွားလုပ်ငန်းဆောင်ရွက် နေမှု အခြေအနေ များ၊ ပန်ပက်ကျေးရွာရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် ကယန်းလူမျိုးများအိမ်သို့ သွားရောက်ကြည့်ရှုခဲ့ကြပါသည်။

ထို့နောက် (၂၅.၁၁.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်ရှိ မိုးဗြဲရေတံခါးသို့ သွားရောက်ကာ မိုးဗြဲရေတံခါးထိန်းသိမ်း ဆောင်ရွက်ထားရှိမှုနှင့် မိုးဗြဲရေတံခါးမှ စက်လှေများ ဖြတ်သန်း၍ ခရီးသွားလာမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ရာ မိုးဗြဲရေတံခါးတာဝန်ခံက မိုးဗြဲရေတံခါးမှ စက်လှေများ ဖြတ်သန်းသွားလာမှုတွင် ခရီးသွား ဧည့်သည်များအတွက် စိတ်ချလုံခြုံမှုရှိပါကြောင်း၊ ခရီးစဉ်ကြောင့် လောပိတလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေး အတွက် ထိခိုက်မှုမရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

 

About the author

Leave a Reply