Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး Coronavirus Disease(COVID-19) ကြောင့်ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးသို့တက်ရောက်ခြင်း

၂၀၂၀ပြည့်နှစ်မတ်လ၁၅ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးတင်လတ်သည် ယမန်နေ့ နံနက် ပိုင်းတွင် ရန်ကုန်မြို့၊မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးတွင်ပြုလုပ်သော Coronavirus Disease (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီအစည်းအဝေးသို့ တက်ရောက်ပြီး ခရီးသွားလုပ်ငန်းများအနေဖြင့် လတ်တလောကြုံ တွေ့ နေရသည့် COVID-19 ဗိုင်းရပ်စ်ကြောင့် ကြုံတွေ့ နေရသည့် လုပ်ငန်းအခက်အခဲများ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေမှုများနှင့် ထပ်မံဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် နိုင်ငံတော်မှကူညီ ထောက်ပံပေးနိုင်မည့်ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် အကြံပြုဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအသင်း၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ များနှင့် တွေ့ဆုံခဲ့ပြီး ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးကို ပြည်နယ်နှင့် တိုင်း၊ခရိုင်အလိုက် ဆောင်ရွက်နိုင်မည့် DMO များဖွဲ့စည်းနိုင်ရေးလတ်တလောကြုံတွေ့နေရသည့် COVID-19 ကြောင့် ခရီးသွားလုပ်ငန်း တုံ့ဆိုင်းနေသောကာလတွင် ခရီးသွားလုပ်ငန်းနယ်ပယ် ရှိအလုပ်သမားများ  (အခြေခံပို့ဆောင်ရေးအလုပ်သမားများ)  ကိုလိုအပ်သည့် လုပ်ငန်းကျွမ်းကျင်မှု သင်တန်းများ ပို့ချနိုင်ရေး၊ COVID-19 ကြုံတွေ့နေရသည့်ကာလနှင့် အလွန်ကာလများတွင် ဆောင်ရွက်ရမည့် လုပ်ငန်း ကိစ္စရပ် များကို ဆွေးနွေးခဲ့ပါသည်။

ယင်းနောက် ဒလမြို့နယ်၊ အ.မ.က (၇) ကျောင်းသို့သွားရောက်၍ ဒလမြို့နယ် အတွင်းတွင် နိုင်ငံခြားသားဧည့်သည်များအား ဝန်ဆောင်မှုပေးနေသော အနှေးယာဉ် လုပ်သားများအား တွေ့ဆုံ ပြီး လုပ်သားများ တွေ့ကြုံ နေရသည့် အခက်အခဲများ၊ ဝန်ကြီးဌာနမှ ကူညီပေးနိုင်မည့် ကိစ္စရပ်များ၊ နိုင်ငံခြားသားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် စနစ်တကျဝန်ဆောင်မှုပေးနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အနှေးယာဉ် လုပ်သား များမှ တင်ပြမှုများကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply