Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဉီးအုန်းမောင် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီမှ စီမံကိန်းတာဝန်ခံနှင့်အဖွဲ့အား Video Conferencing ဖြင့် တွေ့ဆုံ

နေပြည်တော်၊ မတ်လ (၃၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ လူဇင်ဘတ်ဖွံ့ဖြိုးမှုအေဂျင်စီတို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYA/001  မှ ရန်ကုန်မြို့ရှိ Project Support Office မှ Chief Technical Coordinator ဖြစ်သူ Mr. Geert De Bruycker နှင့်အဖွဲ့အား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် လက်ခံတွေ့ဆုံရာ ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော် နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှတ် ၄၀/၄၂ ၊ ဗိုလ်ဆွန်ပက်လမ်းရှိ Center for Tourism Development မြေညီထပ်ပြုပြင်မွမ်းမံမှု အခြေအနေများ၊ COVID -19 ကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း ၂၀၂၀-၂၀၃၀ ရေးဆွဲရေးလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှု မရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ရေးဆိုင်ရာများ၊ COVID- 19 ရောဂါကြိုတင်ကာကွယ်သည့် အနေဖြင့် သင်တန်းများကို On Campus သင်ကြားခြင်း အားရပ်နားထားစဉ် ကာလအတွင်း Online မှတဆင့် သင်တန်းများစီစဉ်ဆောင်ရွက်ရေးဆိုင်ရာများ၊ ဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု သင်တန်းများနှင့် အခြားဘာသာရပ်ဆိုင်ရာသင်တန်းများကို Online စနစ်ဖြင့် စဉ်ဆက် မပြတ်ပို့ချနိုင်ရေး၊ COVID- 19 ကာလအလွန် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်သော ငွေကြေးနှင့်နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရေးဆိုင် ရာများကို ပြောကြား ပါသည်။ ထို့နောက် စီမံကိန်းတာဝန်ခံ Mr. Geert De Bruycker နှင့် CTD သင်တန်းတာဝန်ခံ ဒေါ်အိရွှေဇင်အောင်တို့မှ လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့်  ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။