Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဉီးအုန်းမောင် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီမှ စီမံကိန်းတာဝန်ခံနှင့်အဖွဲ့အား Video Conferencing ဖြင့် တွေ့ဆုံ

နေပြည်တော်၊ ဧပြီလ (၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ လူဇင်ဘတ်ဖွံ့ဖြိုးမှုအေဂျင်စီတို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYA/001  မှ ရန်ကုန်မြို့ရှိ Project Support Office မှ Chief Technical Coordinator ဖြစ်သူ Mr. Geert De Bruycker နှင့်အဖွဲ့အား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ (၈.၄.၂၀၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် လက်ခံတွေ့ဆုံရာ ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော် နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှတ်၄၀/၄၂ ၊ ဗိုလ်ဆွန်ပက်လမ်းရှိ Center for Tourism Development မြေညီထပ်ပြုပြင်မွမ်းမံမှု အခြေအနေများ၊ COVID 19 ကြောင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပင်မစီမံကိန်း ၂၀၂၀-၂၀၃၀ ရေးဆွဲရေးလုပ်ငန်းစဉ်များ နှောင့်နှေး ကြန့်ကြာမှု မရှိစေရေးအတွက် ဧပြီလကုန်အထိ နိုင်ငံတကာအသွားအလာများ ရပ်ဆိုင်းနေပါက ပြည်တွင်းမှကျွမ်းကျင်ပညာရှင်များဖြင့်ပင် နည်းလမ်း ရှာဖွေ ဆောင်ရွက်ရေး၊ COVID 19 ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့်သင်တန်းများကို On Campus သင်ကြားခြင်းအားရပ်နား ထားစဉ်ကာလ အတွင်း Online မှတဆင့် သင်တန်းများစီစဉ်ဆောင်ရွက်ရေးနှင့် ဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုသင်တန်းများနှင့်အခြားဘာသာရပ်ဆိုင်ရာသင်တန်း များကို Online စနစ်ဖြင့် စဉ်ဆက်မပြတ်ပို့ချနိုင်ရေးဆိုင်ရာများကို မှာကြားခဲ့ပြီး ဒုတိယဝန်ကြီးမှ Online ဖြင့် သင်တန်းများပို့ချရန် ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် Center for Tourism Development ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။ ထို့နောက် စီမံကိန်းတာဝန်ခံ Mr. Geert De Bruycker မှ လုပ်ငန်းဆောင်ရွက် နေမှုများကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က လိုအပ်သည်များကို အကြံပြု ဖြည့်စွက်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။