Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီတို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောစီမံကိန်း MYA/001 အစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပ

နေပြည်တော်၊ မေလ (၁၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID-19 ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ COVID-19 ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားစဉ်ကာလအတွင်း Online စနစ်ဖြင့် လူ့စွမ်းအား ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသော လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ၏ စီမံကိန်း MYA/001 လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် ဦးဆောင်၍ ဝန်ကြီးဌာန နီလာ အစည်းအဝေးခန်းမမှ Video Conferencing ဖြင့် ပြုလုပ်ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူဇင်ဘတ်ဖွံ့ဖြိုး တိုးတက်မှု အေဂျင်စီ၏ စီမံကိန်း MYA/001 မှ တာဝန်ရှိသူများက Video Conferencing ဖြင့် Online မှ ပါဝင်တက်ရောက်ကြ ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးဗဟိုဌာနကို အဆင့်မြင့်မွမ်းမံပြင်ဆင်ရေးကိစ္စရပ်များ၊ ၎င်းဌာနတွင် COVID-19 ကာလအတွင်း Online မှတဆင့် ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းများကို သင်ကြားပို့ချနိုင်ရေး၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနရှိ ရုံးများတွင် Language Labs များ ဖွင့်လှစ်နိုင်ရန်အတွက် စီမံကိန်းမှထောက်ပံ့ပေးနိုင်ရေး၊ ပြည်ပမှ သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းများကို ပြည်တွင်းရှိ ဧည့်လမ်းညွှန်များသို့ Online မှတဆင့် သင်ခန်းစာများ သင်ကြားခွင့်ရရှိရေး၊ COVID-19  အလွန် ကာလ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ လျင်လျင်မြန်မြန်ပြန်လည်ဖွံ့ဖြိုးလာရေးနှင့် ဘေးအန္တရာယ် ကျရောက် ပါက ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် COVID-19  Myanmar MSME Tourism Survey ကောက်ယူ၍ Crisis Management / Resilience Training Course ကို  Online မှ ပို့ချပေးရေးတို့ကို  ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက စီမံကိန်းမှ COVID-19 Myanmar Tourism Survey ကောက်ယူထားမှုအခြေအနေများ၊ Online ecotourism course အတွက် အရည်အချင်းသတ်မှတ် ရေးနှင့် Language Labs အတွက် နည်းပညာနှင့် အခြေခံလိုအပ်ချက်များနှင့် Myanmar Tourism COVID-19 Relief Strategy Roadmap နှင့် Myanmar Tourism Master Plan ချိတ်ဆက် ဆောင်ရွက်နိုင်ရေးကိစ္စများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီမှ တာဝန်ရှိသူများက စီမံကိန်း MYA/001 အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာများ၊ COVID-19 အလွန်တွင် ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် Online မှတဆင့် သင်တန်းများဖွင့်လှစ် သင်ကြားရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို အသီးသီးအကြံပြုဆွေးနွေး တင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။