Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းမောင် နီပေါနိုင်ငံမှ Bungee Jumping လုပ်ငန်းဆောင်ရွက်နေသော The Last Resort မှ Executive Director ဖြစ်သူ Mr. Bushnu Neopanae (ဦးခင်မောင်ဝင်း)ဦးဆောင် သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ်လ (၁၇) ရက်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့သည် မြန်မာနိုင်ငံ၏ အားကစားခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင် ရွက်နိုင်ရေးအတွက် နီပေါနိုင်ငံမှ Bungee Jumping လုပ်ငန်းဆောင်ရွက်နေသော The Last Resort မှ Executive Director ဖြစ်သူ Mr. Bushnu Neopanae (ဦးခင်မောင်ဝင်း) ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား (၁၇-၃-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံအားကစား ခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယ ဥက္ကဌ၊  ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်မောင်ကျော်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ The Last Resort နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံတွင် အားကစားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်​ရေးအတွက် အခွင့်အလမ်းများစွာရှိကြောင်း၊ ထို့အတွက် အားကစားခရီးသွားလုပ်ငန်း ကော်မတီကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့တွင် Bungee Jumping အပါ အဝင် သဘာဝပတ်ဝန်းကျင်ကိုအခြေခံပြီး အားကစားနှင့်စွန့်စားမှုအခြေခံခရီးသွားလုပ်ငန်း များဆောင် ရွက်လျက်ရှိပြီးအတွေ့အကြုံများစွာရှိသော နီပေါနိုင်ငံ The Last Resort မှ Executive Director ဖြစ်သူ Mr. Bushnu Neopanae (ဦးခင်မောင်ဝင်း)က မြန်မာနိုင်ငံရှိ အားကစားနှင့် စွန့်စားမှု ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ရေး လာရောက်အကြံပြု တင်ပြခြင်းဖြစ်ကြောင်း၊ အားကစား နှင့်စွန့်စားမှု အခြေခံခရီးသွားလုပ်ငန်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် စနစ်တကျစီမံ ခန့်ခွဲမှုများ လိုအပ်သဖြင့် ခရီးသည်များ သွားလာလွယ်ကူသော နေရာဒေသများရွေးချယ်ခြင်းနှင့် ဈေးကွက်အလားအလာ ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ အားကစားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးခြင်းသည် နိုင်ငံ၏ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ အားကစား၊စွန့်စားမှုခရီးသွားလုပ်ငန်းမျာ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အတတ်ပညာများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ ယနေ့ တက်ရောက်လာကြသောဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်း အဖွဲ့များမှ ဝိုင်းဝန်း အကြံပြုပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နီပေါနိုင်ငံ The Last Resort မှ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Mr. Bushnu Neopanae (ဦးခင်မောင်ဝင်း)က မြန်မာနိုင်ငံအတွက် Adventure Tourism Master Plan ရေးဆွဲနိုင်ရေး၊ Standard Operating Procedure (SOP)များ ရေးဆွဲနိုင်ရေးနှင့် Bungee Jumping၊  Paragliding၊ Sky Walk၊ Zip Lining၊ Trekking အစရှိသော စွန့်စားမှု အခြေခံ ခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး၊ဖြစ်နိုင်ချေရှိသောကိစ္စများကို လည်းကောင်း၊ Journey Travel & Tours မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းတင်က Activity Based Tourism ဆိုင်ရာလေ့လာထား ရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဆွေးနွေးပွဲတက်ရောက်လာကြသည့် ကိုယ်စားလှယ်များ က လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက် ပေးနိုင်မှုအခြေအနေများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်  လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

About the author

Leave a Reply