Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

အခြေခံဝန်ဆောင်မှုသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၁၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သင်ကြားခဲ့သည့် ဟိုတယ် နှင့်စားသောက်ဆိုင်လုပ်ငန်းများအတွက် အစားအသောက်ဆိုင်ရာ အခြေခံဝန်ဆောင်မှု သင်တန်း ဆင်းပွဲအခမ်းအနားကို (၁၈-၁၂-၂၀၂၃)  ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ Win Hotel ကျင်းပရာ မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်မှ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မကွေးဇုန်) မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ သင်တန်းသား/ သူများ စုစုပေါင်း (၅၅) ဦးတက်ရောက်ခဲ့ပြီး စီးပွားရေးရာဝန်ကြီးက သင်တန်းသား/ သူများကိုယ်စား သင်တန်းသား (၁) ဦးနှင့် သင်တန်းသူ (၁) ဦးတို့အား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသား/ သူများကိုယ်စား သင်တန်းသား (၁) ဦးက ကျေးဇူးတင် စကားပြောကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။

Leave a Reply