Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

အမေးအဖြေ (၂)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ အစည်းအဝေး

၁၀.၁၂.၂၀၁၉—————-ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ အစည်းအဝေးတိုက်ရိုက် Live ထုတ်လွှင့်ပြသမှု *****************************************************

Pyithu Hluttaw – ပြည်သူ့လွှတ်တော် ပို့စ်တင်ရာတွင် အသုံးပြုမှု ၂၀၁၉၊ ဒီဇင်ဘာ ၉၊ တနင်္လာနေ့
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရှင်းလင်း ဆွေးနွေးနိုင်ရန် ကယားပြည်နယ်၊ မယ်စဲ့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်း မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၏ ပြန်လည်ဖြေကြားချက် ********************************************************************** ၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တစ်ကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း၊ ကျွန်တော် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးတင်လတ်မှ ဦးစွာနှုတ်ခွန်း ဆက်သအပ်ပါတယ်။ ၂။ ကျွန်တော့်အနေဖြင့် ဒီကနေ့အစည်းအဝေးမှာ ကယားပြည်နယ် မယ်စဲ့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးဦးသန်းလင်းလင်းကြယ်ပွင့်ပြမေးခွန်း မေးမြန်း ထားတဲ့ကယားပြည်နယ် မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စုရှိကျိုက်ထီးရိုးစေတီအနီး၌ သဘာဝအတိုင်းဖြစ် ပေါ်နေသော မြေနန်းတော်(ခေါ်) နတ်တောင်ကို ခရီးသွားလုပ်ငန်း တွင်တွင်ကျယ်ကျယ်ဖွံ့ဖြိုး တိုးတက်လာနိုင်အောင် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီစဉ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းကိုကယား ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဖြေကြားချက်နှင့်ပေါင်းစပ် ဖြေကြားသွားမှာဖြစ်ပါတယ်။ ၃။ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေမှာ “ ဝန်ကြီးဌာနသည် အများပြည်သူ သွားလာလည်ပတ်နိုင်သော ခရီစဉ်များ၊ ခရီးစဉ်ဒေသများကို ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီနှင့် ညှိနှိုင်း၍ သတ်မှတ်ရမည်” ဟု ဖော်ပြပါရှိပါတယ်။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူရတဲ့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီရဲ့ လုပ်ငန်းတာဝန်များထဲမှာတော့ “ ခရီးစဉ် ဒေသအသစ်များ ဖော်ထုတ်ခြင်း” ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ၄။ ကယားပြည်နယ်အစိုးရအဖွဲ့ဟာ ကယားပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ဖို့ ကြိုးပမ်းလုပ်ဆောင်ရာမှာ ပြည်နယ်အတွင်းခရီးသွားဧည့်သည် ဝင်ရောက်နိုင်မှုအခြေ အနေပေါ်မူတည်၍ ခရီးစဉ်ဒေသအသစ်များ စဉ်ဆက်မပြတ်ဖော်ထုတ်ခြင်းလည်း ပါဝင်ပါတယ်။ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်မည့် ခရီးစဉ်ဒေအသစ်များ ဖော်ထုတ်ရာမှာတော့ ကန့်သတ်နယ်မြေအတွင်း မကျရောက်ရန် လိုအပ်ပါတယ်။ ကယားပြည်နယ်အတွင်း ပြည်တွင်း/ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်နိုင်ရန်နယ်မြေ ဒေသအခြေအနေအပေါ်မူတည်၍ ကန့်သတ်နယ်မြေများ ဖြေလျှော့ပေးနိုင်ရေးကိုလည်း ပြည်ထောင်စုအစိုးရသို့ တင်ပြဆောင်ရွက်လျက်ရှိပါတယ်။ ၅။ ယခုအခါ နယ်စပ်ဝင်ပေါက်ဖြစ်တဲ့ BP-13 အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်အဖြစ် သို့မဟုတ်(၆)ညအိပ်(၇)ရက်ခရီးစဉ်များ ဖော်ဆောင်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီးဖြစ်ပါတယ်။ အဆိုပါ နယ်စပ်ဝင်ပေါက် ခွင့်ပြုချက်ရရှိပါက တစ်ဖက် နယ်စပ်ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်နှင့်ပူးပေါင်း၍ ထိုင်းနိုင်ငံဘက်မှခရီးသွား ဧည့်သည်များ ကယားပြည်နယ်သို့ လာရောက်လည်ပတ်နိုင်မည့် ခရီးစဉ်အသစ်များထဲမှာ မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာရှိကျိုက်ထီးရိုးစေတီအနီး၌ သဘာဝအတိုင်းဖြစ်ပေါ်နေသော မြေနန်းတော်ခေါ် နတ်တောင်အား ခရီးစဉ်ဒေသအသစ်တစ်ခုအနေဖြင့် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ ၆။ အဆိုပါခရီးစဉ်အား ပြည်ပခရီးသွားဧည့်သည်များလာ ရောက်လည်ပတ်နိုင်စေရေး အတွက် နယ်မြေဒေသအခြေအနေအပေါ်မူတည်၍ ကန့်သတ်နယ်မြေအဖြစ်မှ ပယ်ဖျက် ပေးနိုင်ရန်လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားအပ်ပါတယ်။ ၇။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။
About the author

Leave a Reply