Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

အသိပေးကြေငြာချက် (၁၅-၇-၂၀၂၀)

၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ (၇-၇-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၀) ၌ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဉီးဟင်နရီဗန်ထီးယူ အမှာစကားပြောကြားခဲ့ရာတွင် ဒုတိယအဆင့်အနေဖြင့် ခရီးသွားလာရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် Reopening ကို လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲပြီး ပြည်ဝင်ခွင့်များ ပြန်လည်ပေးအပ်၍ လေဆိပ်များ ပြန်လည်ဖွင့်လှစ်သည်ကို ယခုနှစ်၏ တတိယသုံးလပတ်နောက်ပိုင်းမှသာ မျှော်လင့်နိုင်သဖြင့် ပြည်တွင်း ခရီးသွားလုပ်ငန်းဖြင့် စတင်ရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားထားရှိပါသည်။ ၂။       ထိုပြောကြားချက်သည် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဉီးဟင်နရီဗန်ထီးယူ အနေဖြင့် မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ် ပြေးဆွဲခြင်းနှင့် လေဆိပ်များ ပြန်လည်ဖွင့်လှစ်ခြင်းကို ရည်ညွှန်းပြောကြားခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံ တကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခြင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်သူများ နယ်စပ် ဖြတ်ကျော်သွားလာနိုင်ခြင်းတို့အား ခွင့်ပြုပေးခြင်း၊ နိုင်ငံတကာလေဆိပ်များ ပြန်လည်ဖွင့်လှစ် ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်မည့်အချိန်မတိုင်မီ ပြည်တွင်း ခရီးသွားလုပ်ငန်းများကို ဉီးစားပေးစတင်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတကာ ခရီးသွား ကျွမ်းကျင်သူများ၏ ပြောကြားချက်များကို ကိုးကား၍ ပြောကြားခဲ့ခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း လက်ရှိအနေဖြင့် ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ပြန်လည် ပြေးဆွဲနေပြီး နိုင်ငံတကာမှ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ လေယာဉ်များနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာန၏ ထောက်ခံချက်ပေးထားသော အထူးလေယာဉ်များကို ဆင်းသက်ခွင့်ပြုထားကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများမှတဆင့် သိရှိရပါကြောင်း အသိပေး ကြေငြာအပ်ပါသည်။