Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

အာခါဒါန်းစီးပွဲတော်

ရဲခူအဖွေ (ခေါ်) အာခါဒါန်းစီးပွဲတော်ကို အာခါရိုးရာမိရိုးဖလာစုပေါင်းဒါန်းစီးပွဲတော် အဖြစ်သတ်မှတ် ထားပြီး အာခါတိုင်းရင်းသားများအတွက် အထွတ်အမြတ်ထားရာနှင့် အလေးထားရာပွဲတော်တစ်ခုဖြစ် သည်။ ပွဲတော်ကို နှစ်စဉ်သြဂုတ်လတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ ်မြို့များရှိ အာခါရွာများတွင် အလှည့်ကျ ကျင်းပလေ့ရှိပါသည်။ အာခါတိုင်းရင်းသားများ၏ စည်းလုံးခြင်း ဒါန်းတော် မှတ်တမ်း၌ ဝမ်းစာအတွက် ထွန်ယက်စိုက်ပျိုးထားသော စပါးပင်အညွှန့် စထွက်ချိန်တွင် ဝမ်းမြောက် ဂုဏ်ယူစွာဖြင့် လူကြီး၊ လူငယ်၊ မိတ်သင်္ဂဟများပါမကျန်ဖိတ်ခေါ်ပြီး ရွာဦးထိပ်တွင်ဒါန်း ကိုဆင်ကာ မင်္ဂလာသီချင်းများရွတ်ဆို၍ ဒါန်းကို အမြင့်ဆုံးအထိလွှဲစီးပြီး မိမိ နှစ်သက် သူနှင့်ညားမည် ဆိုလျှင် တောင်ကြီးတစ်ခြမ်းလုံးကို စပါးခင်းကြီး ဖြစ်အောင်လုပ်ဆောင်မည်ဟု သတ္တိအရာပြောင် မြောက်ကြောင်း ဒါန်းစီးရင်းသီချင်းသံစဉ်များ သီဆိုကျင်းပသည့် ပျော်ပွဲရွင်ပွဲဖြစ်ပါသည်။ ပွဲတော်ကျင်းပ နေစဉ် ကာလအတွင်း အနယ်နယ်အရပ်ရပ်ရှိ ပြည်တွင်း ပြည်ပဧည့်သည်များ လာရောက်လည်ပတ်လေ့ ရှိကြပါသည်။ ယခု ၂၀၂၄ ခုနှစ်၊ အာခါရိုးရာဒါန်းစီးပွဲတော်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ နယ်၊ အူးဖူဒေ့ ကျေးရွာ၌ (၁၇) ရက်နေ့မှ (၂၀) ရက်နေ့ထိ လေးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ် ကြောင်းလည်း သိရပါသည်။
About the author

Leave a Reply