Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

အာဆီယံခရီးသွားလုပ်ငန်း အရေးပေါ်အခြေအနေဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့၏ COVID-19 ဆိုင်ရာ ဒုတိယအကြိမ်မြောက် Video Conferencing အထူးအစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ သြဂုတ်လ (၂၆)ရက်           အာဆီယံခရီးသွားလုပ်ငန်းအရေးပေါ်အခြေအနေဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့၏ COVID-19 ဆိုင်ရာ ဒုတိယအကြိမ်မြောက် Video Conferencing အထူးအစည်းအဝေး (2nd Special Video Conference Meeting of ASEAN Tourism Crisis Communication Team on COVID-19) ကို ၂၆-၈-၂၀၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မလေးရှားနိုင်ငံက ဉက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် အာဆီယံခရီးသွားလုပ်ငန်း စျေးကွက်ညှိနှိုင်းရေးမှူးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအထူးအစည်းအဝေးကို အာဆီယံခရီးသွားလုပ်ငန်း အရေးပေါ်အခြေအနေဆက်သွယ် ဆောင်ရွက်ရေးအဖွဲ့၏ COVID-19 ဆိုင်ရာ သက်ရောက်မှုများနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၏ တိုးတက်မှုအခြေအနေကို အစီရင်ခံတင်ပြရန်၊ COVID-19 လျှော့ချရေးဆိုင်ရာ အတွေ့အကြုံကောင်းများ မျှဝေရန်နှင့် နိုင်ငံအလိုက် COVID-19 ဆိုင်ရာ သတင်းအချက်အလက်များကို အာဆီယံဝက်ဆိုက်တွင် လွှင့်တင်ထားမှုအခြေအနေများအား သိရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါ သည်။ အစည်းအဝေးကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ် ခင်သန်းဝင်းနှင့် တာဝန်ရှိသူများက Online ပါဝင်တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ COVID-19 ရောဂါကြောင့် အာဆီယံဒေသ၏ ခရီးသွားလုပ်ငန်းအပေါ် သက် ရောက်နေမှု အခြေအနေများ လေ့လာဆန်းစစ်သုံးသပ်ချက် အစီအရင်ခံစာ ပြုစုဆောင်ရွက်မှု၊ ASEAN Travel Bubble/Travel Corridor အကောင်အထည်ဖော်ရေးအတွက် ဆက်စပ် Sectoral Bodies များနှင့် ညှိနှိုင်းဆောင်ရွက်နေမှုများ၊ Guideline/ Standard of Safety and Hygiene for Work and Community Environment နှင့် Study on the Impact of COVID-19 and Policy and Best Practices Recommendations for the Post COVID-19 Recovery Plan for ASEAN Tourism ရေးဆွဲရေးကိစ္စရပ်များ ပြောကြားခြင်း၊ အာဆီယံခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေးအေဂျင်စီမှ အဖွဲ့ဝင်နိုင်ငံများ၏ COVID-19 ဆိုင်ရာ သတင်းအချက် အလက်များကို အာဆီယံဝက်ဆိုက်တွင် လွှင့် တင်ထားမှုအခြေအနေများနှင့် အာဆီယံခရီးသွားလုပ်ငန်းစျေးကွက်မြှင်တင်ရေး ဆောင်ရွက်မှုများကို တင်ပြခြင်း စသည့်ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ (US-ABC) မှ အဆိုပြုလာသည့် စက်တင်ဘာလတွင် ကျင်းပမည့် Digital Economy in Tourism Workshop နှင့်  ASEAN Comprehensive Recovery Framework အကောင်အထည်​ဖော်ဆောင်ရွက်ရေးအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အစည်းအဝေးကို နံနက် (၁၀:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။