Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီး အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၂ ကျင်းပ

နေပြည်တာ် ဇန်နဝါရီ ၂၁ “ASEAN-A Community of Peace and Shared Future” ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ် (၄၀) မြောက် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၂ နှင့် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် အခမ်းအနားများကို ကမ္ဘောဒီးယားနိုင်ငံ ပရီဆီဟာနုပြည်နယ်ရှိ ဆိုခါရီဆော့ ကမ်းခြေဟိုတယ်တွင် ဇန်နဝါရီလ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် Sokha Resort Hotel ၌ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီး Dr.THONG KHON နှင့် ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံသည်။ ညှိနှိုင်းဆွေးနွေး ထိုတွေ့ဆုံပွဲတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် Implementation of Action Plan on Tourism Cooperation ၂၀၁၇-၂၀၂၀ အရ ဆီရမ်ရိ-ပုဂံ တိုက်ရိုက် လေယာဉ်ပျံသန်းရေးကိစ္စများအပါအဝင် Action Plan သက်တမ်းတိုးမြှင့် ရေးကိစ္စ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ မြန်မာနိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် Enchanting Myanmar Health& Safety Protocol နှင့် အာဆီယံမှ ရေးဆွဲအကောင် အထည်ဖော်မည့် ASEAN Guidelines for Hygiene and Safety ချိတ်ဆက်ကာ နိုင်ငံတကာအဆင့် အသိအမှတ်ပြုရေးကိစ္စနှင့် ကိုဗစ်-၁၉ အလွန်ကာလ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဈေးကွက် မြှင့်တင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၂ အထိမ်း အမှတ်အဖြစ်ပြုလုပ်သည့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၏ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ပြီး၊ အဆိုပါအခမ်းအနားတွင် ပရီဆီဟာနုပြည်နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားခဲ့ပြီး အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများနှင့် ဧည့်သည်တော်များက ကမ်းခြေ တွင် အမှတ်တရအရိပ်ရ အပင်များကို စိုက်ပျိုးခဲ့ကြသည်။ ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၂ ဖွင့်ပွဲ အခမ်းအနားနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၏ ကြိုဆိုညစာစားပွဲသို့ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများနှင့် ဧည့်သည်တော်များနှင့်အတူ တက်ရောက်သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN က အာဆီယံဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အာဆီယံနိုင်ငံသားများ၊ မိတ်ဖက်နို်ငငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှုနှင့် ရင်းနှီးပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ အလွန်ကာလ အာဆီယံ ဒေသတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်ရေးအစီအစဉ်နှင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ကြံ့ကြံ့ခံနိုင်သော၊ အားလုံးပါဝင်သော အာဆီယံခရီးသွားလုပ်ငန်းများဆိုင်ရာ ဖနောင်ပင် ကြေညာချက်ရေးဆွဲရေးတို့ကို ဦးဆောင် အကောင်အထည်ဖော်ခဲ့ပါကြောင်း ပြောကြားသည်။ ထို့နောက် ညစာစားပွဲတွင် ခမာရိုးရာ ယဉ်ကျေးမှုအကများ၊ အာဆီယံနိုင်ငံများ၏ ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ပြီး မီးရှူး မီးပန်းများ ပစ်ဖောက်ကာ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၂ ကို အောင်မြင်စွာ ဖွင့်လှစ်သည်။ လှည့်လည်ကြည့်ရှု ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနို်ငငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN က အာဆီယံခရီးသွားလုပ်ငန်း  ပြပွဲဖွင့်လှစ်ခြင်း အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အာဆီယံခရီးသွားလုပ်ငန်းများမှ ဝန်ကြီးများနှင့်အတူ အဖွဲ့ဝင်နိုင်ငံများမှ ခင်းကျင်းပြသထားသော ခရီးသွားပြခန်းများကို လှည့်လည်ကြည့်ရှုသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအတွင်းရေးမှူးချုပ် Mr.Dato Lim Jok Hoi၊ အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ကို ဂါရဝပြုတွေ့ဆုံသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၂ နှင့် ဆက်စပ် ကျင်းပသည့် (၂၅) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ+ ၃(တရုတ်၊ဂျပန်၊ကိုရီးယား) ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေး၊ (၉) ကြိမ်မြောက် အာဆီယံ+အိန္ဒိယ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး ပထမ ဆုံးအကြိမ်အဖြစ် ကျင်းပသော အာဆီယံ+ရုရှား ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော အာဆီယံ-တရုတ် ဗဟိုဌာန၊ အာဆီယံ-ဂျပန် ဗဟိုဌာန၊ အာဆီယံ-ကိုရီးယားဗဟိုဌာန၊ အာဆီယံခရီးသွားလုပ်ငန်းအဖွဲ့၊ အာဆီယံခရီးသွား လုပ်ငန်း သုတေသနအဖွဲ့၊ ပစိဖိတ်-အာရှခရီးသွားလုပ်ငန်းအဖွဲ့၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ စသောအဖွဲ့များနှင့် ကျင်းပသည့် အစည်းအဝေးများသို့ တက်ရောက်သည်။ သဘောတူအတည်ပြုခဲ့ အဆိုပါ အစည်းအဝေးများမှ အာဆီယံဒေသအတွင်းတွင် ၂၀၂၁ ခုနှစ်အတွင်း ကနဦးစာရင်းများအရ နိုင်ငံတကာခရီးသွား ဧည့်သည်ပေါင်း (၂.၅) သန်းသာ ရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၉၀ ရာခိုင်နှုန်း ကျဆင်းခဲ့မှု ကိုဗစ်-၁၉ အလွန်ကာလ အာဆီယံခရီးသွား လုပ်ငန်း ပြန်လည်ထူထောင်ရေးအစီအစဉ်၊ အာဆီယံခရီးသွားလုပ်ငန်းများ ဘေးကင်းလုံခြုံရေး ဆိုင်ရာ သတ်မှတ်ချက်များ ရေးဆွဲပြီးစီးမှုနှင့် ASEAN Safe Travel Stamp ကို ဆက်လက် အကောင်အထည်ဖော်မည့် အခြေအနေ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲများမှ အတည်ပြုလမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ASEAN Travel Corridor Arrangement Framework အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူလရည်မှန်းထားသည့် Essential Business and Official ခရီးသွားများအပြင် အပန်းဖြေခရီးသွား ဧည့်သည်များကိုပါ အဆိုပါမူဘောင်တွင် တိုးချဲ့ထည့်သွင်း အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စများနှင့် အာဆီယံ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့လျက်ရှိသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ပြန်လည်လေ့လာဆန်းစစ်ရေးကိစ္စရပ်များကို သဘောတူ အတည်ပြုခဲ့ကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီး များ၏ သတင်းစာရှင်းလင်းပွဲသို့လည်းကောင်း၊ အာဆီယံခရီးသွားလုပ်ငန်းဆုများ ပေးအပ်ခြင်း အခမ်းအနားသို့ လည်းကောင်း၊ အာဆီယံခရီးသွားလုပ်ငန်းပြန်လည်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အာဆီယံခရီးသွားလုပ်ငန်း အမှတ်တံဆိပ် (Logo) နှင့် အာဆီယံခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရုပ်သံ မိတ်ဆက်ခြင်း အခမ်းအနားများသို့ လည်းကောင်း တက်ရောက်ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်) Source From: Myanmar Alin

Leave a Reply