Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများဆိုင်ရာဆု-၂၀၂၀

အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၀ကိုဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဘန်ဒါဆီရီဘီဂါဝန် မြို့ရှိThe Empire Brunei Hotel တွင် ၁၂-၁-၂၀၂၀ရက်နေ့မှ ၁၆-၁-၂၀၂၀ရက်နေ့အထိ ကျင်းပ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါဖိုရမ်ကာလအတွင်း ၁၆-၁-၂၀၂၀ ရက်နေ့ ညနေပိုင်းတွင် ၂၀၂၀ ခုနှစ်အတွက် ASEAN Tourism Award 2020 ချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မည်ဖြစ်ရာ အာဆီ ယံခရီးသွားလုပ်ငန်းစံနှုန်းများဆိုင်ရာ ဆု-၂၀၂၀နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ အာဆီယံအစိမ်း ရောင်ဟိုတယ်ဆု(ASEAN Green Hotel Award) အတွက်ဟိုတယ်(၅)လုံး၊ အာဆီယံသန့် ရှင်းသောခရီးသွားမြို့တော်ဆု (ASEAN Clean Tourist City Award) အတွက်မြို့(၃)မြို့၊ အာဆီယံရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းဆု (ASEAN Sustainable Tourism Award)အတွက် ခရီးစဉ်ဒေသ(၂)ခုနှင့် ASEAN MICE Venue Award အတွက် ဟိုတယ်(၂)လုံးတို့မှ ဆုရရှိကြပြီး ဆုများကိုလက်ခံရယူကြမည်ဖြစ်ပါသည်။ ASEAN Green Hotel Award အတွက် Thingaha Hotel (နေပြည်တော်)၊ Hilton Hotel (နေပြည်တော်)၊ M Gallery Hotel (နေပြည်တော်)၊ Yandabo Home (မန္တလေး)နှင့် Sanctum Inle Resort (ရှမ်း) ၊ ASEAN Clean Tourist City Awrad အတွက် လွိုင်ကော်မြို့၊ ထားဝယ်မြို့နှင့် တောင်ကြီးမြို့၊ ASEAN Sustainable Tourism Award အတွက် မြိတ်(တနင်္သာရီ)နှင့်မြိုင်(မကွေး)ခရီးစဉ်ဒေသ၊ ASEAN MICE Venue Award အတွက် Wyndham Grand Yangon Hotel(ရန်ကုန်)၊ M Gallery Hotel (နေပြည်တော်)တို့မှ ဆုရရှိကြပါသည်။
About the author

Leave a Reply