08
Jul
ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းအမှတ်စဉ်(၆၃)နှင့်(၆၄)သင်တန်းအတွက် သင်တန်းလျှောက်လွှာရက်တိုးမြှင့်လက်ခံခြင်း
နေပြည်တော်၊ ဇူလိုင်လ ၈ ရက်
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(CTD) ၌ ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းအမှတ်စဉ်(၆၃)နှင့်(၆၄)သင်တန်းကို (၂၄-၅-၂၀၂၂)ရက်နေ့မှ (၁၇-၆-၂၀၂၂)ရက်နေ့အထိ လျှောက်လွှာလက်ခံဆောင်ရွက်လျက်ရှိပြီး အဆိုပါသင်တန်းများသို့ တက်ရောက်လိုသူများအနေဖြင့် သင်တန်း၀င်ခွင့်လျှောက်လွှာများကို (၃၁-၈-၂၀၂၂)ရက်နေ့အထိ လာရောက်လျှောက်ထားနိုင်ပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန