Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေဒေသတွင် ခရီးသွားလုပ်ငန်းအခြေခံသင်တန်း COVID-19 Relief Package (1) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ ဩဂုတ်လ (၂၈) ရက်  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ချောင်းသာကမ်းခြေဒေသတွင် ခရီးသွားလုပ်ငန်းအခြေခံသင်တန်း COVID-19 Relief Package (1)  သင်တန်းကို (၁၇.၈.၂၀၂၀) ရက်နေ့မှ (၂၄.၈.၂၀၂၀) ရက်အထိ (၈) ရက်ကြာ သင်ကြား ခဲ့ပြီး သင်တန်းဆင်းပွဲကို (၂၇.၈.၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေ၊ Grand Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။           အဆိုပါ သင်တန်းတွင် ဝါရင့်ဧည့်လမ်းညွှန် ဆရာ/ ဆရာမများနှင့် ဝါရင့်ဟိုတယ်ဝန်ဆောင်မှု သင်တန်းဆရာ/ဆရာမများမှ လာရောက်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းသို့ ဒေသခံဈေးသည် (၁၀) ဦး၊ ခေါင်းရွက်ဗျက်ထိုးဈေးသည် (၅) ဦး၊ ဆိုင်ကယ်ကယ်ရီမောင်းသမား (၃) ဦး၊ လက်သမား (၁) ဦး၊ ဆိုင်ကယ်ပြုပြင်ရေးသမား (၁) ဦး၊ စုစုပေါင်း သင်တန်းသား/သူ (၂၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းသား/သူများအား သင်တန်းဆင်း အောင်လက်မှတ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် သင်တန်းတက်ရောက်သူများအား ထောက်ပံ့ ကြေးငွေ တစ်နေ့လျှင် (၄၈၀ဝိ/-) ကျပ် ထောက်ပံ့ပေးအပ်ပြီး သင်တန်းပို့ချပေးသော ဆရာများအား တစ်နေ့လျှင် (၁၀၀၀ဝိ/-) ကျပ်နှုန်းဖြင့် ချီးမြှင့်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။