Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် Hotel Guest List Management System သင်တန်းဖွင့်လှစ်

နေပြည်တော်၊ ဇွန်လ (၂၉) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုသိမ်ရုံး၏ ကြီးကြပ်မှုဖြင့် Hotel Guest List Management System သင်တန်းကို (၂၇-၆-၂၀၂၀) ရက်နေ့၊နံနက် (၉:၀၀) နာရီအချိန်တွင် ပုသိမ်မြို့၊ Pathein Hotelခန်းမ၌ ကျင်းပခဲ့ရာတိုင်းဒေသကြီး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပုသိမ်၊ ဖျာပုံ၊ ဟင်္သာတ၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ ကျုံပျော်၊ လပွတ္တာမြို့ရှိ ဟိုတယ်/တည်းခိုရိပ်သာများမှ လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့် ကွန်ပျူတာကိုင်တွယ် အသုံးပြုသူဝန်ထမ်းများနှင့် ဧည့်စာရင်းဆောင်ရွက်သူ ဝန်ထမ်း များစုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းတာဝန်ခံ၊ဒုတိယညွှန်ကြားရေးမှူးမှ Hotel Guest List Management System သင်တန်းသင်ကြားရခြင်း ရည်ရွယ်ချက်နှင့် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းအားဟိုတယ်၊ တည်းခိုရိပ်သာများနှင့် ဌာနဆိုင်ရာများအနေဖြင့် ဧည့်စာရင်း တိုင်ကြားရာတွင် လုံခြုံမှုရှိစေရေး၊ လွယ်ကူလျင်မြန် စွာဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ Hotel Guest List Management System (HGLMS) စနစ်ကို ဇူလိုင်လအတွင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရေးအတွက် သင်ကြားပို့ချခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။