Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်၍ သြစတြီးယားနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ နှင့် နယူးဇီလန်နိုင်ငံ တို့မှ ကမ္ဘာလှည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ခွင့်ပြုမည်

  • ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်အထိ စမ်းသပ်ကာလ (၃) နှစ် သတ်မှတ်၍ လေကြောင်းဖြင့် လာရောက်မည့် သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူ သြစတြီးယား၊ ချက်၊ ဟန်ဂေရီ၊ လူဇင်ဘတ်နှင့် နယူးဇီလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ခွင့်ပြုသွားမည် ဖြစ်ပါသည်။
  • ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) အတွက် ဗီဇာကြေး အမေရိကန်ဒေါ်လာ (၅၀) ကောက်ခံ၍ နေခွင့် (၃၀) ရက် ခွင့်ပြုပေးမည် ဖြစ်ပါသည်။
  • အလည်အပတ် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ခြင်း အတွက်သာ ခွင့်ပြုမည် ဖြစ်ပါသည်။
  • နေခွင့်သက်တမ်းတိုးရန် လျှောက်ထားခြင်းကို ခွင့်ပြုမည် မဟုတ်ပါ။
  • ဆိုက်ရောက်ဗီဇာကမ္ဘာလှည့်ဖြင့် ဝင်ရောက်လာသော သာမန်နိုင်ငံကူး လက်မှတ်ကိုင် ဆောင်သူ သြစတြီးယား၊ ချက်၊ ဟန်ဂေရီ၊ လူဇင်ဘတ်နှင့် နယူးဇီလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များသည်-
  •  မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာရမည်။
  • မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရ ကန့်သတ်ထားသောနယ်မြေမှအပ နိုင်ငံခြားသားများ သွားလာခွင့်ရှိသည့် နေရာများကို လွတ်လပ်စွာ သွားလာ နိုင်သည်။
  • ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ရန် ရောက်ရှိလာသူသည် သက်ဆိုင်ရာ လုံခြုံရေးဌာန၊ အဖွဲ့အစည်းနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ စိစစ်ပြီး ဝင်ခွင့်မပြုနိုင်သူ ဖြစ်လျှင် ဝင်ရောက်ခွင့်ကို ငြင်းပယ်ခြင်း ခံရမည်ဖြစ်သည်။
  • အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်လာသူသည် မည်သည့် အပြည်ပြည်ဆိုင်ရာဝင်/ထွက်ပေါက်မှမဆိုပြန်လည်ထွက်ခွာနိုင်သည်။
  Source: Ministry of Labour, Immigration and Population Link    : http://www.mip.gov.mm/
About the author

Leave a Reply