(၂၄) ကြိမ်မြောက် Asia Cross Country Rally (AXCR) 2019 နိုင်ငံဖြတ်ကျော် ခရီးကြမ်းကားမောင်းပြိုင်ပွဲ ပန်းဝင်အခမ်းအနားကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်းတွင် ကျင်းပ

နေပြည်တော်၊ သြဂုတ်လ (၁၅) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၏ ပံ့ပိုးကူညီမှု၊ Bright View Travels & Tours Co.,Ltd နှင့် Myanmar Motorsports Organization (MMSO) တို့၏ ပူးပေါင်းစီစဉ်မှု ဖြင့် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၄) ကြိမ်မြောက် Asia Cross Country Rally (AXCR) 2019 နိုင်ငံဖြတ်ကျော် ခရီးကြမ်းကားမောင်းပြိုင်ပွဲ ပန်းဝင်ကြိုဆိုပွဲနှင့် ပိတ်ပွဲအခမ်းအနားကို (၁၆.၈.၂၀၁၉) ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်းတွင် ကျင်းပ မည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ (၂၄) ကြိမ်မြောက် Asia Cross Country Rally (AXCR) 2019 နိုင်ငံဖြတ်ကျော် ခရီးကြမ်းကားမောင်းပြိုင်ပွဲတွင် နိုင်ငံ (၁၄) နိုင်ငံမှ နိုင်ငံသား (၄၁၉) ဦး၊ မော်တော်ယာဉ် (၁၂၀) စီး၊ မော်တော် ဆိုင်ကယ်(၃၇)စီးတို့ဖြင့် မြဝတီနယ်စပ်ဂိတ်မှ(၁၂.၈.၂၀၁၉)ရက်နေ့မှ စတင်ဝင်ရောက်လာပြီး (၁၆.၈.၂၀၁၉) ရက်နေ့တွင် နေပြည်တော် လယ်ဝေးမြို့ နယ်အတွင်းရှိ အမြန်လမ်း မိုင်တိုင် ၁၉၈/၇ မိုင် Under press မှ မိုင်တိုင် ၁၈၁/၄ မိုင်၊ ၎င်းမှတဆင့် အမြန်လမ်းနှင့် မြို့လှဆက်သွယ်ထားသည့် ကျောက်ခင်းလမ်းအတိုင်း မောင်းနှင်၍ ထိုမှတဆင့် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ရာဇဌာနီလမ်းမှတဆင့် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်းတွင် ပြိုင်ပွဲပြီးဆုံးမည် ဖြစ်ကြောင်းနှင့် ညပိုင်းတွင် နေပြည်တော် MICC II ၌ ညစာစားပွဲနှင့် ဆုချီးမြှင့်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply