Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

(၆) ကြိမ်မြောက် အက်ခ်မက်ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး ရန်ကုန်မြို့၌ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၈

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများ နှင့် အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် စီအယ်လ်အမ်ဗွီ (CLMV) နှင့် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများကို နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် (၆) ကြိမ်မြောက် အက်ခ်မက် ခရီးသွား လုပ်ငန်းဝန်ကြီးများအစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်သည်။

အစည်းအဝေးတွင် လာအိုနိုင်ငံ သတင်းအချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Ms. Darany Phommavongsa က အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ပြီး အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တရုတ်နိုင်ငံ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့သည့် အက်ခ်မက်ထိပ်သီးအစည်းအဝေးမှ အက်ခ်မက်ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးနိုင်ငံခရီးစဉ်တစ်ခုအပါအဝင် ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေး၊ အက်ခ်မက်ခရီးသွားလုပ်ငန်း အမှတ်တံဆိပ်အား မြန်မာနိုင်ငံမှ အသုံးပြုမှုနှင့် အဖွဲ့ဝင်နိုင်ငံများအားလုံး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုစေရေး၊ အက်ခ်မက်ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် ၂၀၂၃-၂၀၂၅ အရ မြန်မာနိုင်ငံ ဆောင်ရွက်ထားရှိမှု၊ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများအတွက် SOP များ ရေးဆွဲ ဆောင်ရွက်မှု၊ ခရီးသွားဧည့်သည်များတွက် ဆိုက်ရောက်ဗီဇာခွင့်ပြုပေးမှု၊ အစည်းအဝေးမှ ထုတ်ပြန် သွားမည့် (၆) ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး ဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံမှ ထည့်သွင်းဖော်ပြစေလိုသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် (၆) ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်း ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၏ အစည်းအဝေးဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည့်အပေါ် အတည်ပြုချက် များ ကို ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၆) ကြိမ်မြောက် အက်ခ်မက် ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေး သတင်းစာရှင်းလင်းပွဲသို့ ပါဝင်တက်ရောက်ခဲ့ပြီး အစည်းအဝေး တက်ရောက်ကြသည့် စီအယ်လ်အမ်ဗွီနှင့် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်း ဝန်ကြီးများ၊ အရာရှိကြီးများနှင့် ကိုယ်စားလှယ်များနှင့်အတူ ယဉ်ကျေးမှုပြတိုက်၊ ဗိုလ်ချုပ်ဈေး၊ မဟာဗန္ဓုလပန်းခြံနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးတို့ကို လှည့်လည်ကြည့်ရှုကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စီအယ်လ်အမ်ဗွီနှင့် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ အရာရှိကြီးများ၊ ကိုယ်စားလှယ်များအား မြန်မာနိုင်ငံမှ တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Source From: MyanmarAlin

Leave a Reply