06
Jan
ချင်းပြည်နယ် ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း ဝန်ဆောင်မှုပေးနေသူများအတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ (ဆင့်ပွား) Onlineသင်တန်း ဖွင့်ပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ ၆ ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် Myanmar Tourism Strategy Recovery Roadmap (MTSRR) အပေါ် အခြေခံ၍ ချင်းပြည်နယ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန အနေဖြင့် COVID-19 အလွန်ကာလတွင် ချင်းပြည်နယ်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်ပေးနိုင်ရန်၊ ပြည်တွင်း / ပြည်ပ ခရီးသွား ဧည့်သည်များအတွက် ကျန်းမာရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းသည့် ဝန်ဆောင်မှုပေးနိုင်ရန်၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား COVID-19 Safe Service အသိအမှတ်ပြုတံဆိပ်များ စနစ်တကျ သတ်မှတ်ပေးအပ်နိုင်ရန်နှင့် ချင်းပြည်နယ်အတွင်း ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံသော ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ခြင်းမှတဆင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ချင်းပြည်နယ်ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း ဝန်ဆောင်မှု ပေးနေသူများ အတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ (ဆင့်ပွား) Online သင်တန်း ဖွင့်ပွဲကျင်းပခြင်း ကျင်းပခဲ့ရာ ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းလုပ်ငန်းကော်မတီ ဒုဥက္ကဌ စည်ပင်သာယာရေးလျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်မှ အဖွင့်အမှာစာကားပြောကြားပြီး၊ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဦးအောင်ဖြိုးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသွားပါသည်။ အဆိုပါသင်တန်းအား Online မှတဆင့် Zoom Application အသုံးပြုကာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ပထမအကြိမ်သင်တန်းကို (၅-၁-၂၀၂၀) မှ (၉-၁-၂၀၂၀) အထိ၊ (၁)ရက်လျှင် (၂) နာရီနှုန်းဖြင့် (၁၀) နာရီကြာ သင်တန်းသား (၃၀) ဦးအား ပို့ချဆောင်ရွက် သွားမည်ဖြစ်ပါသည်။ သင်တန်းထောက်ပံ့မှုအနေဖြင့် သင်တန်းသား(၁)ဦး အတွက် တစ်ရက်လျှင် (၄,၈၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။