Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

တနင်္သာရီတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၄/၂၀၂၀) ကျင်းပ

နေပြည်တော်၊ ဇူလိုင်လ (၂၂) ရက် တနင်္သာရီတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး (၄/၂၀၂၀) ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့၊ မွန်းလွှဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဉက္ကဌ၊ ဝန်ကြီးချုပ် ဦးမြင့်မောင်၊  ဒုတိယဉက္ကဌ သယံဇာတနှင့်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ထားဝယ်ရုံးခွဲ) ညွှန်ကြားရေးမှူး ဦးညိုအေး၊ ကော်မတီဝင် များနှင့် ဖိတ်ကြားထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဌ၊ ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူးက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေး (၃/၂၀၂၀) ဆုံးဖြတ်ချက်အပေါ် လိုက်နာဆောင်ရွက်မှု အခြေ  အနေများ၊ ဟိုတယ်တည်ဆောက်ခွင့်လျှောက်ထားမှုများ၊ ဟိုတယ်လုပ်ငန်းလိုင်စင်အသစ် လျှောက်ထား မှုများ၊ ဟိုတယ်အခန်းတိုးလျှောက်ထားမှုများ၊ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင်အသစ် လျှောက်ထား မှုများ၊ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင်သက်တမ်းတိုးလျှောက်ထားမှုများနှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သက်တမ်းတိုးလျှောက်ထားမှုများအား ကော်မတီသို့တင်ပြ အတည်ပြုချက်ရယူခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများက တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိိုးတိုးတက်ရေး ဆိုင်ရာများ၊ Covid-19 ကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးမြင့်မောင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါကြောင်း သတင်း ရရှိပါသည်။