Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၁၉) အစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာလ (၃၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုဖြင့် ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေအရ ဖွဲ့စည်းထားရှိသည့် မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၁၉) အစည်းအဝေးကို (၂၉.၁၀.၂၀၁၉) ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဒုတိယဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမြင့်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် ကော်မတီဒုတိယဥက္ကဋ္ဌ ဝန်ကြီး ဦးမြင့်အောင်တို့က အမှာစကား ပြောကြားခဲ့ကြပြီး ကော်မတီ အတွင်းရေးမှူးဖြစ်သူ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်က (၂/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း၊ ယခုအစည်းအဝေးတွင် တိုင်းဒေသကြီး ဧည့်လမ်းညွှန် အသင်းဖွဲ့စည်းမှု၊ တည်းခိုရိပ်သာ (မိုတယ်) လုပ်ငန်းလိုင်စင်လျှောက်ထား လာမှု၊ ဟိုတယ်လိုင်စင်သက်တမ်းတိုးလျှောက်ထားလာမှုနှင့် ဧည့်လမ်းညွှန် သက်တမ်းတိုး လျှောက်ထား လာမှုတို့အားလည်းကောင်း၊ မကွေးမြို့ရှိ My River View Hotel ကို လုပ်ငန်း လိုင်စင်ခွင့်ပြုပေးနိုင်ရေး အတွက် လိုင်စင်စိစစ်ရေးအဖွဲ့ဖြင့် သွားရောက်စစ်ဆေးရန်အတွက်လည်းကောင်း ကော်မတီသို့ တင်ပြ၍ အတည်ပြုချက်ရယူခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေစက်တော်ဒေသ၌ ဟိုတယ်ဇုန်ဖြစ်ပေါ်လာရေးနှင့် သဘာဝအခြေခံခရီးသွား လုပ်ငန်း (Eco- Tourism) ၊ Cultural Tourism ၊ Organic Farming အခြေခံ ခရီးသွားလုပ်ငန်းနှင့် ဆင်အခြေပြုခရီးသွားလုပ်ငန်းများအား ရွှေစက်တော်ဒေသနှင့် နတ်ရေကန်တောင် ဒေသတို့တွင် အကောင်အထည်ဖော်နိုင်ရေး၊ ဆံရစ်ဝိုင်းယဉ်ကျေးမှုဒေသ၊ ရေပုတ်ကြီးရွာအား စနစ်ကျသော ခရီးစဉ်ဒေသ အသစ်ဖြစ်ပေါ်လာရေး၊ ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာနှင့် ပခုက္ကူမြို့နယ် ကျွန်းကလေးရွာတို့အား လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ကျေးရွာအဖြစ် အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
About the author

Leave a Reply