13
Aug
မန္တလေးတိုင်းဒေသကြီးတွင် COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းနှင့် COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သင်တန်းများ ဖွင့်လှစ်
နေပြည်တော်၊ ဩဂုတ်လ (၁၃) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၏ကြီးကြပ်မှု၊ မန္တလေးဧည့်လမ်းညွှန်များအသင်း၏ ပူးပေါင်းပါဝင် မှုဖြင့် ဖွင့်လှစ်သည့် COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းကို (၁-၈-၂၀၂၀) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တောင်မင်းကြီးကျောင်း၌ ဖွင့်လှစ်၍ ဒေသခံ ငှက်လှေသမား (၂၀)ဦးအား သင်တန်းပို့ချပေးလျက်ရှိပါသည်။
ထို့အတူ COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(မွမ်းမံ) သင်တန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၏ ကြီးကြပ်မှုနှင့် မြန်မာနိုင်ငံဟိုတယ် နှင့်ခရီးသွား ကျွမ်းကျင်ပညာရှင်များ အသင်းတို့၏ ပူးပေါင်းပါဝင်မှုဖြင့် (၄-၈-၂၀၂၀) ရက်နေ့တွင် မန္တလေးမြို့ရှိ Sky Villa Condominium ၌ FO & Reservation သင်တန်းကို (၂၀)ဦးဖြင့် လည်းကောင်း၊ Housekeeping သင်တန်းကို (၁၀)ဦးဖြင့်လည်း ကောင်း၊ Food and Beverage သင်တန်းကို (၁၀)ဦး ဖြင့်လည်းကောင်း စုစုပေါင်း သင်တန်းသား (၄၀)ဦးကို သင်တန်းများပို့ချပေးလျက်ရှိပါသည်။
အဆိုပါသင်တန်းများသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း COVID-19 ကြောင့် အလုပ် အကိုင်အခွင့် အလမ်းနည်းပါးချိန်တွင် ဝင်ငွေရရှိစေရေးနှင့် ဝန်ဆောင်မှုတိုးတက်ကောင်းမွန်စေရေးကို ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနအနေဖြင့် သင်တန်း တက်ရောက်သူများအား ထောက်ပံ့ကြေးငွေ (၁) ရက် (၄၈ဝဝိ/-) ကျပ်နှုန်း ထောက်ပံ့ပေးအပ်ပြီး သင်တန်းပို့ချပေးသော ဆရာများအား (၁) ရက် (၁၀၀၀ဝိ/-) ကျပ်နှုန်းဖြင့် ချီးမြှင့်ပေးအပ်လျက်ရှိပါသည်။ ဆက်လက်၍ ပြင်ဦးလွင်မြို့တွင်လည်း အလားတူသင်တန်းများကို ဩဂုတ်လနှင့် စက်တင် ဘာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။