Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

2019 နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ (၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း စီစဉ်ကျင်းပသော 2019 နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင် ရောဂါဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို (၁-၂-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ညောင်ရွှေမြို့၊ ဟူပင်ဟိုတယ်ခန်းမ၌ ကျင်းပခဲ့ပါသည်။ ထို့နောက် ညောင်‌ရွှေမြို့၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကောင်းမြတ်မှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးပြောကြား ခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ညောင်ရွှေ၊ အင်းလေးကန်ဝန်းကျင်မှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် များ၊ ဧည့်လမ်းညွှန်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၈၅) ဦးခန့် ပါဝင်တက်ရောက်ခဲ့ပြီး အခမ်းအနားတက်‌ရောက်လာသူများအား ရောဂါကာကွယ်ရေးအထောက်အကူပြု နှာခေါင်းစည်း (Mask) များနှင့် အသိပညာပေးလမ်းညွှန် စာရွက်များ ကို ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။    

Leave a Reply