Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

2019 Novel Coronavirus ရောဂါပိုးနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ (၃) ရက် 2019 Novel Coronavirus ရောဂါပိုးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲအား မုံရွာမြို့၊ Glorious Hotel တွင် နံနက်(၁၀) နာရီမှ (၁၁:၃၀) ထိ ကျင်းပပြုလုပ်ခဲ့၍ အဆိုပါဆွေးနွေးပွဲသို့ တိုင်း အဆင့်/ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်ဝန်ထမ်းများ၊ စည်ပင် သာယာရေး လိုင်စင်ရတည်းခိုခန်းပိုင်ရှင်များနှင့် ဝန်ထမ်းများစုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ပါ သည်။ အဆိုပါ ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး 2019 Novel Coronavirus  ရောဂါပိုးနှင့်စပ်လျဉ်း၍ တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဝင်းလွင်မှ ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းစဉ် အား ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(မုံရွာရုံးခွဲ) တာဝန်ခံမှ နိဂုံးချုပ် စကားပြောကြားခဲ့ပါ ကြောင်း သတင်းရရှိပါသည်။  

Leave a Reply