Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

December 20, 2019
၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ( ၂၀ )ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ www.tourism.gov.mm နှင့် www.tourisminmyanmar.com.mm တို့၏ လုံခြုံမှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ CMS စနစ်များ ပုံမှန် Update ဖြစ်စေရန်နှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၂-၁၁-၂၀၁၉ ရက်နေ့မှ ၁၁-၁၂-၂၀၁၉ ရက်နေ့ အထိ အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာ ပြည်တွင်းနည်းပညာ ကုမ္ပဏီ (၁၂)ခုမှ အဆိုပြုလွှာပုံစံများ ဝယ်ယူခဲ့ပြီး ၎င်းတို့အနက်မှ ကုမ္ပဏီ (၂) ခုက အဆိုပြုလွှာများ လာရောက် တင်သွင်းခဲ့ ပါသည်။ ၂။ အဆိုပါ ကုမ္ပဏီများ၏ အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာများကို ၁၁-၁၂-၂၀၁၉ နံနက် (၁၀:၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ တင်ဒါကော်မတီ ဝင်များ၊ အဆိုပြုလွှာ တင်သွင်းသော ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၏ရှေ့တွင်...
Continue Reading
နေပြည်တော်၊ ဒီဇင်ဘာလ (၂၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင် ရန်  ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမြစ်ကြောင်းခရီးစဉ်များ၊ သ‌ေင်္ဘာခရီးစဉ်  (Cruise Tours) ၊ စက်တပ်ရွက်လှေခရီးစဉ် (Yacht Tours) ခရီးစဉ်များကို စီစဉ်ဆောင်ရွက် နေသည့် ခရီးသွားကုမ္ပဏီများအနေဖြင့် ဝန်ကြီးဌာန၏ Website https://tourism.gov.mm/ required-documents-for-applying-tours/ တွင် လွှင့်တင်ထားသည့် ခရီးစဉ်တင်ပြရာတွင် လိုအပ်သည့်အချက်များအတိုင်း တင်ပြဆောင်ရွက်နိုင်ပြီး ထပ်မံသိရှိလိုသည်များကို  ဝန်ကြီးဌာန Website ၏ Chat Box မှတဆင့်  အချိန်နှင့်တပြေးညီဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြံပြု အပ်ပါသည် ။   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
Continue Reading
နေပြည်တော်၊ ဒီဇင်ဘာလ (၂၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန်  ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ နယ်စပ်ဝင်ပေါက်များမှ ကိုယ်ပိုင်မော်တော် ယာဉ်/ဆိုင်ကယ်များဖြင့် ဝင်ရောက်လည်ပတ်မည့် (Caravan Tour) ခရီးစဉ်များကို တင်ပြမည့် ခရီးသွားကုမ္ပဏီများအနေဖြင့် ဝန်ကြီးဌာန၏ Website https://tourism.gov.mm/required-documents-for-applying-tours/ တွင် လွှင့်တင်ထားသည့် ခရီးစဉ်တင်ပြရာတွင် လိုအပ်သည့် အချက်များအတိုင်း တင်ပြဆောင်ရွက်နိုင်ပြီး ထပ်မံသိရှိလိုသည်များကို ဝန်ကြီးဌာန Website ၏ Chat Box မှတဆင့် အချိန်နှင့်တပြေးညီ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြံပြုအပ်ပါသည် ။   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
Continue Reading
၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ (၂၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန်ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လျက်ရှိသည့် တစ်ဉီးချင်းလွတ်လပ်စွာခရီးသွားလာသူများ(FITs)၏ ခရီးစဉ် လုံခြုံချောမွေ့ခြင်းသည်လည်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပါသဖြင့် သက်ဆိုင်ရာဒေသအလိုက် သတ်မှတ်စည်းကမ်းများနှင့်အညီ လွတ်လပ်စွာသွားလာလည်ပတ်ခွင့်ရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားကြပါရန်နှင့် တစ်ဉီးချင်းလွတ်လပ်စွာခရီးသွားလာသူများ (FITs) အနေဖြင့် အကူအညီ လိုအပ်ပါက ဝန်ကြီးဌာန Website www.tourism.gov.mm/helpdesk/information-counters/ တွင် ဖော်ပြထားသည့် information counters များနှင့် https://tourism.gov.mm/helpdesk/ branch-offices/ တို့မှတဆင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးများသို့ ဆက်သွယ်စုံစမ်းအကူအညီရယူနိုင်ပြီး ထပ်မံသိရှိလိုသည်များကို ဝန်ကြီးဌာန Website ၏ Chat Box မှ တဆင့် အချိန်နှင့်တပြေးညီ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း...
Continue Reading
နေပြည်တော်၊ ဒီဇင်ဘာလ (၂၀) ရက်         ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ (၂၀၁၈) နှင့် အညီ ဖွဲ့စည်းခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ (၄/၂၀၁၉)  အစည်းအဝေးကို (၁၈.၁၂.၂၀၁၉) ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ဉက္ကဌ ဦးမြင့်မောင်၊  ဒုတိယဉက္ကဌ သယံဇာတနှင့်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ ကော်မတီအတွင်းရေးမှူး ဖြစ်သူ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ထားဝယ်ရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိုအေး နှင့်တာဝန်ရှိသူများ၊ ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနနှင့် သစ်တောရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူးက  ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်း အဝေး (၃/၂၀၁၉) ဆုံးဖြတ်ချက်အပေါ် လိုက်နာဆောင်ရွက်မှုအခြေအနေ များ...
Continue Reading
နေပြည်တော်၊ ဒီဇင်ဘာ (၂၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကယားပြည်နယ်တွင် ကျင်းပပြု လုပ်မည့် စတုတ္ထအကြိမ်မြောက် မြန်မာ-ဂျပန်ချစ်ကြည်‌ရေး ချယ်ရီပန်း စိုက်ပျိုးပွဲတော်အခမ်းအနား အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၉-၁၂-၂၀၁၉) ရက်နေ့ မွန်းလွဲပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဉက္ကဌ ဝန်ကြီး ချုပ် ဉီးအယ်လ်ဖောင်းရှိုနှင့်ကော်မတီဝင်များ ၊ ပြည်နယ်ဝန်ကြီးများနှင့်ဌာနဆိုင်ရာ များမှ တာဝန် ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန(လွိုင်ကော်)ရုံးခွဲမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြပါသည်။   အစည်းအဝေးတွင် ဝန်ကြီးချုပ် ဉီးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက ချယ်ရီပန်းစိုက်ပျိုးပွဲတော် ကျင်းပရေးအတွက် ကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ၊ ကော်မတီ၊ ဆပ်ကော်မတီ အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကောင်အထည် ဖော်ဆောင်ရွက်နေမှု...
Continue Reading
နေပြည်တော်၊ ဒီဇင်ဘာလ (၂၀) ရက် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင် ခံစားနိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ် ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့မှ ဒီဇင်ဘာလ(၁၉)ရက်နေ့အထိ တာချီလိတ် နယ်စပ် ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/နေ့ချင်းပြန်ခရီးစဉ် လာရောက် လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၂၅၆၉၀) ဦးနှင့် တတိယနိုင်ငံသားနိုင်ငံခြားသားခရီးသွားဧည့်သည် (၅၂၂) ဦး၊ လန့်တောင်းနေ့ချင်းပြန်ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား (၁၀) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၂၅၃) ဦး၊ ပြည်တွင်းခရီးစဉ်သို့...
Continue Reading