Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Day

January 25, 2020
ဟားခါး ဇန်နဝါရီ ၂၅ ပထမဦးဆုံးအကြိမ် ကျင်းပသည့်လောက်နူးမြေယဉ်ကျေးမှုနှင့် ခေါ်နူးစုမ်တောင်ဇလပ်ပန်း ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကန်ပက်လက်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း  ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲတော်ကို ချင်းပြည်နယ်၏ ဒေသတွင်း ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရေး လောက်နူးမြေ (ကန်ပက်လက်) ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊အမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းနိုင်ရေးနှင့် ခေါ်နူးစုမ်တောင်နှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အလေ့အကျင့်ကောင်း များရရှိစေရေး ရည်ရွယ်လျက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန် ကြီးကြပ်မှုနှင့်အတူ ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကောင်မတီ၊ ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ လွှတ်​​တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားကို ချင်းရိုးရာမုခ်ဦးရှေ့၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်...
Continue Reading