Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Day

January 27, 2020
နေပြည်တော်၊ ဇန်နဝါရီ (၂၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဉပဒေ(၂၀၁၈)ပါ ပြဌာန်းချက်များနှင့်အညီ ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ ဆောင်ရွက်မှုဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသအသီးသီးတွင် ခရီးသွားလုပ်ငန်းကဏ္ဍ ဟန်ချက်ညီညီ စနစ်တကျနှင့်ရေရှည်ဖွံ့ဖြိုး တိုးတက်ရန်အတွက်လည်းကောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများ၌ ရင်းနှီးမြှပ်နှံကြမည့် လုပ်ငန်းရှင်များအနေဖြင့် အဆင်ပြေစွာ လုပ်ကိုင်နိုင် စေရန်အတွက်လည်းကောင်း၊ ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက် အပံ့ကောင်းများ ရရှိလာနိုင်စေရန်အတွက်လည်းကောင်း ရည်ရွယ်ရေးဆွဲ သွားမည့် ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းပင်မစီမံကိန်းအတွက် အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီလ (၂၅) ရက်နေ့မှ (၂၆) ရက်နေ့အထိ သံတွဲခရိုင်၊ ငပလီကမ်းခြေဒေသရှိ “Amazing Nagpali Resort’’ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၅.၁.၂၀၂၀ ရက်နေ့တွင် ကျင်းပရာ အခမ်းအနားသို့...
Continue Reading
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၅) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယနေ့ (၂၅.၁.၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ကျင်းပပြုလုပ် သည့် ခရီးသွားလုပ်ငန်းနှင့် အခြေခံ ဧည့်ဝန်ဆောင်မှုသင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနား သို့ တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက ပြောကြားရာ တွင် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုသင်တန်းကျောင်းမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနအဖြစ် အမည်ပြောင်းလဲအဆင့်မြှင့်တင်ပြီးနောက် ပထမဆုံး သင်တန်းဆင်းပွဲအခမ်းအနား ဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအတွက်ရော ဝန်ကြီးဌာနအတွက်ပါ ဂုဏ်ယူစရာ မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ Luxembourg Development Cooperation Agency ၏ ပံ့ပိုးမှုဖြင့် ဧည့်ဝန်ဆောင်မှု (အခြေခံ) သင်တန်းများဖြစ်သော ဧည့်ကြို Front Office သင်တန်း၊ အိပ်ခန်းဆောင်...
Continue Reading