Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Day

January 28, 2020
နေပြည်တော်၊ ဇန်နဝါရီလ (၂၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်     စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် စက်တပ်ရွက်လှေ များဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်​ဒေသများသို့ သွားလာလည်ပတ်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Grand Andaman Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဟောင်ကောင်နိုင်ငံသားဧည့်သည် (၁၄) ဦးသည် Flying Fish စက်တပ်ရွက်လှေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့မှ ဇန်နဝါရီလ(၁၇) ရက်နေ့ အထိ ကော့သောင်း-အောက်ကျွန်းနီကျွန်း-မြန်မာဘန့်-မြောက်တော်ဝင်ကျွန်း-မြန်မာဘန့်-အောက်ကျွန်း နီကျွန်း-...
Continue Reading
နေပြည်တော်၊ ဇန်နဝါရီလ (၂၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်လတ်သည် ၂၆-၁-၂၀၂၀ နေ့၊ နံနက်ပိုင်းတွင် ကျိုက်ထိုမြို့သို့ ရောက်ရှိပြီး (၀၈:၃၀) နာရီ ကျိုက်ထီးရိုးတောင်ပေါ် ဩဝါဒစာရိယ ဆရာတော်များဖြစ်သော လေသာကျောင်းဆရာတော်၊ ဆိတ်ဖူးတောင်ဆရာတော်၊ သာယာကုန်း ဆရာတော်တို့အား ဖူးမြှော်၍ ဩဝါဒခံယူခဲ့ပါသည်။ ဒုတိယဝန်ကြီးမှ လျှောက်ထားရာတွင် ကျိုက်ထီးရိုးတောင်ပေါ်တွင် ဘုရားဖူးများ သွားလာနေထိုင်ရေး အဆင်ပြေစေရန်နှင့် အမှိုက်ကင်းစင် ရေး ဆောင်ရွက်နိုင်ရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ အရှင်ဘုရားတို့မှ လမ်းညွှန်ဩဝါဒပေးရန် လျှောက်ထားလိုပါကြောင်း၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကို ဒေသခံများက အဓိကဦးစီးဦးဆောင် ဆောင်ရွက် ရမည်ဖြစ်သည်ကို ဆရာတော်များမှ လမ်းညွှန်ပေးရန်နှင့် အဓိကမှာ အမှိုက်ပြဿနာဖြစ်ပါကြောင်း၊ ဧည့်သည်များ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်ပတ်သက်၍ အသိအမြင်ရှိစေရန် ဆရာတော်များမှ သွန်သင်ဩဝါဒပေးရန် လျှောက်ထားပါသည်။ ဒုတိယဝန်ကြီးမှ အိမ်သာနှင့်ပတ်သက်၍ ကျိုက်ထီးရိုး တောင်ပေါ်...
Continue Reading
နေပြည်တော်၊ ဇန်နဝါရီလ (၂၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန် မြို့မှစတင်ဖြစ်ပွားခဲ့သော 2019-nCoV (2019 Novel Corona Virus) ရောဂါပိုးသည် ကမ္ဘာ့နိုင်ငံ အချို့၌ ကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ခရီးသည်များအနေဖြင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း စသည့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ လက်ရှိဖြစ်ပွားလျက်ရှိပါက(သို့မဟုတ်) လွန်ခဲ့သော(၁၄)ရက် အတွင်း ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ပါက(သို့မဟုတ်)ပြန်လည်ရောက်ရှိပြီး(၁၄)ရက်အတွင်း အဆိုပါ ရောဂါလက္ခဏာများ ဖြစ်ပွားပါက အခမဲ့ကုသပေးနိုင်ရေးအတွက် လေဆိပ်ကျန်းမာရေးဌာနနှင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပေးပို့ဆောင်ရွက်ပါရန်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားပါ၍ ယင်းသတိပေးချက်ကို အလေးထားလိုက်နာ ဆောင်ရွက်သွားကြပါရန် အကြံပြုပါသည်။...
Continue Reading