Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Day

February 18, 2020
နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍစနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မိုးကုတ်ရုံးခွဲ) ၏ကြီးကြပ်မှု၊ ဆက်စပ်ဌာနဆိုင်ရာများ၏ ပံ့ပိုးကူညီမှု၊ ပုဂ္ဂလိကအသင်းအဖွဲ့များပူးပေါင်းပါ၀င်မှုတို့ဖြင့် (၁၇.၂. ၂၀၂၀) ရက်နေ့မှ (၂၈.၂.၂၀၂၀) ရက်နေ့ထိ ဖွင့်လှစ်သင် ကြားမည့် ဒေသဧည့်လမ်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၇.၂.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ကိုးကန့်စာပေနှင့်ယဉ်ကျေးမှုအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ ) မှ ဒုတိယ ညွှန်ကြားရေးမှူးနှင့် တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၁၆၉) ဦး...
Continue Reading
(COVID-19) Acute Respiratory Disease ရောဂါကာကွယ်ရေးလုပ်ငန်း အထောက်အကူပြု ဆေးလက်မှတ် ဖြည့်စွက်လျှောက်ထားရန် အသိပေးခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus အဆုတ်ရောင်ရောဂါ(COVID-19) Acute Respiratory Disease ရောဂါကာကွယ်ရေးလုပ်ငန်း အထောက်အကူဖြစ်စေရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံသားများ အင်တာနက်အွန်လိုင်းမှတစ်ဆင့် e-Visa (Tourist) လျှောက်ထားမှု နှင့်စပ်လျဉ်း၍ စတင်လျှောက်ထားသည့် နေ့မှစပြီး လွန်ခဲ့သည့် (၁၄) ရက်အတွင်း ဟူပေပြည်နယ်သို့ သွားရောက်နေထိုင်ခဲ့ခြင်းမရှိကြောင်းနှင့် ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးလက်မှတ် ပူးတွဲပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သတ်မှတ်...
Continue Reading
မြန်မာနိုင်ငံသို့ ဆိုက်ရောက်မည့် တရုတ်ခရီးသွားများနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများအတွက် ခရီးစဉ်စီစဉ်ဆောင်ရွက်ခြင်းများ ခေတ္တရပ်ဆိုင်း ထားခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus အဆုတ်ရောင်ရောဂါကာကွယ်နိုင် ရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွားဧည့်သည်များနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများ အတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်း ထားပါသဖြင့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။
Continue Reading
တရုတ်နိုင်ငံသားခရီးသွားဧည့်သည်များအား Visa on Arrival ဆိုင်းငံ့ထားခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus (2019-nCov) အဆုတ်ရောင်ရောဂါ ကာကွယ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးသွား ဧည့်သည်များအား ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားပါသဖြင့် တရုတ်နိုင်ငံသားခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ လိုက်နာပူးပေါင်းဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်။
Continue Reading