Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Day

February 19, 2020
နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန (တောင်ကြီး)ရုံးခွဲ၏ ကြီးကြပ်မှု၊ Institute Cooperazione Economic International အဖွဲ့အစည်း၏ ပံပိုးကူညီမှုဖြင့် ဆောင်ရွက်သည့် “စံကားအင်း ရပ်ရွာ လူထုအခြေပြုခရီးသွားလုပ်ငန်း” (Samkar CBT) ဖွင့်ပွဲအခမ်းအနားကို (၁၆-၂-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် စံကားကျေးရွာ၌ ကျင်းပရာ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဉီးစိုးညွန့်လွင်၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး Her Excellency Alessandra Schiavo ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန (တောင်ကြီး) ရုံးခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။...
Continue Reading
တရုတ်ခရီးသွား ဧည့်သည်များအတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းများ ဆိုင်းငံ့ထားခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၉) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော (COVID-19) Acute Respiratory Disease ကာကွယ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လာရောက်မည့်ခရီးသွားဧည့်သည်များအားဆိုက်ရောက် ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားပြီး မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွား ဧည့်သည်များနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများအတွက် ခရီးစဉ်များ စီစဉ် ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်းထားပါသည်။ ၃။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ အင်တာနက်အွန်လိုင်းမှတစ်ဆင့် e-Visa (Tourist) လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ကျန်းမာရေးကောင်းမွန်ကြောင်း...
Continue Reading