Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Day

February 28, 2020
B.A (Tourism) ဘွဲ့ရပြင်ပပုဂ္ဂိုလ် (၂၀)ဦးတို့အား အကြီးတန်းစာရေးရာထူးအဆင့်တွင် အမြဲတမ်းဝန်ထမ်းအဖြစ် စတင်ခန့်ထားခြင်း အောက်ပါ B.A (Tourism) ဘွဲ့ရပြင်ပပုဂ္ဂိုလ် (၂၀)ဦးတို့အားအကြီးတန်းစာရေး(လစာနှုန်း  ၁၉၈၀၀ဝိ -၂၀၀ဝိ – ၂၀၈၀၀ဝိ) ရာထူးအဆင့်တွင် ၂၀၂၀ပြည့်နှစ်၊ မတ်လ(၃)ရက်နေ့၊ နံနက်ပိုင်းမှစ၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် အမြဲတမ်းဝန်ထမ်းအဖြစ် စတင်ခန့် ထားလိုက်သည် –     စဉ်       အမည်                      မှတ်ပုံတင်အမှတ်                                                                  ၁။      ဒေါ်အင်ကြင်းမေ                  ၁/ဗမန(နိုင်)၀၉၈၁၃၇ ၂။      ဒေါ်သီတာအောင်                  ၅/ရဘန(နိုင်)၂၂၆၈၄၇ ၃။      ဦးပြည့်သူရဘထက်              ၅/ကလတ(နိုင်)၁၀၉၉၂၁ ၄။      ဒေါ်နှင်းအိဝေ                     ၉/ညဥန(နိုင်)၂၁၀၀၅၁ ၅။     ...
Continue Reading
နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၈) ရက် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ် ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၁၄၀၆၉) ဦးနှင့် တတိယနိုင်ငံသားနိုင်ငံခြားသား ခရီးသွားဧည့်သည် (၄၀၀) ဦး၊  မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၃၂၄) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် (၄၉၁) ဦး ရှိကြောင်း...
Continue Reading
မြန်မာနိုင်ငံသို့ ဆိုက်ကပ်မည့် အပျော်စီးသင်္ဘောများတွင် (COVID-19 ) စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များအား သိရှိလိုက်နာပူးပေါင်း ဆောင်ရွက်ကြရန် အကြံပြုခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၈) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် (၂၄-၂-၂၀၂၀) ရက်နေ့၌ ကျင်းပပြုလုပ်သော အပျော်စီးသင်္ဘောလာရောက်လည်ပတ်စဉ် (COVID-19) ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများ အားဖြည့်ပါဝင်ဆောင်ရွက်ရန်ကိစ္စနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး၌ လည်းကောင်း၊ (၂၅-၂-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့သော ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေး ကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးတွင်လည်းကောင်း၊ ညှိနှိုင်းဆုံးဖြတ်ချက်များအရ မြန်မာ နိုင်ငံသို့ ဆိုက်ကပ်မည့် ကမ္ဘာလှည့်အပျော်စီးသင်္ဘောများတွင် (COVID-19) ရောဂါစောင့်ကြပ်...
Continue Reading
​နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၈ ရက် မြန်မာနိုင်ငံ၊ ပုဂံမြို့၌ အိမ်ရှင်အဖြစ်လက်ခံကျင်းမည့်မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၀ နှင့် (၄၅) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေး၊ ဆက်စပ်အစည်းအဝေး များကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ သတ်မှတ်ခဲ့ပါသည်။ ယခုအခါ Novel Corona Virus (COVID-19) ပြန့်ပွားနေမှုများအပေါ် ကမ္ဘာနှင့်အဝှမ်း စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိခြင်းကြောင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနသည် မဲခေါင် ခရီးသွားလုပ်ငန်းညှိနှိုင်းရေးမှူးရုံး (MTCO)နှင့်ဆွေးနွေးညှိနှိုင်းပြီး ဧပြီလတွင် ကျင်းပမည့် မဲခေါင် ခရီးသွားလုပ်ငန်းဖိုရမ်နှင့် ဆက်စပ် အစည်းအဝေးများကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြောင်းရွေ့ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Continue Reading