Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

March 6, 2020
နေပြည်တော်၊ မတ်လ (၆) ရက် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှ မတ်လ(၅)ရက်နေ့အထိ တာချီလိတ်နယ်စပ် ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၁၅၇၅၀) ဦးနှင့် တတိယ နိုင်ငံသားနိုင်ငံခြားသား ခရီးသွားဧည့်သည် (၄၆၈) ဦး၊ လန့်တောင်း နေ့ချင်းပြန်ခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသား (၃) ဦး၊  မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၁၂၇) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့်...
Continue Reading
SWISS CHALLENGE  တင်ဒါအဆိုပြုလွှာဖိတ်ခေါ်ခြင်း ၁။          ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပိုင် မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေး သာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၇လမ်းနှင့် ၆၈လမ်းထောင့်ရှိ မြမန္တလာဟိုတယ် (ယခင်ထွန်းလှဟိုတယ်)ကို တာမိုးညဲချမ်းသာ ကုမ္ပဏီများ အုပ်စုက၂၀နှစ်ငှားရမ်းဆောင်ရွက်ခဲ့ရာ ယခုအခါငှားရမ်း ကာလသက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု ပမာဏကျပ် ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး၊ အခန်း(၈၀)ပါ (၈)ထပ် ဟိုတယ်အဆောက်အဉီသစ်ကို BOTစနစ်ဖြင့် ဆောက်လုပ်၍ နှစ် ၃၀ ဆက်လက်ငှားရမ်းလိုကြောင်းနှင့် ငှားရမ်းကာလ ကုန်ဆုံးပါက အဆိုပါဟိုတယ်ကို ဝန်ကြီးဌာနသို့ အပြီးအပိုင် လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း မိမိသဘောဆန္ဒအလျောက် ကမ်းလှမ်း လာပါသည်။ ၂။          သို့ပါ၍ တာမိုးညဲချမ်းသာကုမ္ပဏီများအုပ်စုက တင်သွင်းထားသည့် မြမန္တလာ ဟိုတယ်အဆောက်အဉီဒီဇိုင်းနှင့် ရင်းနှီးမြှုပ်နှံရန် အဆိုပြုတင်ပြချက်များအပေါ် တင်ဒါယှဉ်ပြိုင် ရန် စိတ်ပါဝင်စားသော ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့်...
Continue Reading
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တရုတ်ဘာသာအထူးပြု ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်း(မန္တလေး) သင်တန်းဝင်ခွင့်ဆိုင်ရာကြေငြာချက် ၁။      တရုတ်ဘာသာအထူးပြု ဒေသဆိုင်ရာဧည့်လမ်းညွှန်များမွေးထုတ်ရန်ရည်ရွယ်၍ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် တရုတ်ဘာသာအထူးပြု ဒေသဆိုင်ရာဧည့်လမ်းညွှန်အခြေခံသင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ၁၀-၃-၂၀၂၀ ရက်နေ့မှ ၃-၄-၂၀၂၀ ရက်နေ့အထိ ဖွင့်လှစ်ပို့ချရန် သင်တန်းဝင်ခွင့် လျှောက်လွှာများ ခေါ်ယူထားပြီးဖြစ်ပါသည်။ ၂။      လျှောက်ထားသူများ၏ ဘာသာစကားကျွမ်းကျင်မှုနှင့် ဧည့်လမ်းညွှန်ဆိုင်ရာ ဗဟုသုတများ အတွက် သင်တန်းဝင်ခွင့် ရေးဖြေ/နှုတ်ဖြေ စစ်ဆေးခြင်းကို အောက်ပါအတိုင်း စစ်ဆေးသွား မည်ဖြစ်ပါသည်- (က)  ဝင်ခွင့်ရေးဖြေ စစ်ဆေးခြင်း (၁)     နေ့ရက်        –        ၇-၃-၂၀၂၀ ရက်နေ့ (၂)     အချိန်          –        နံနက် (၀၉:၀၀ )နာရီမှ (၁၁:၀၀) နာရီအထိ (၃)     နေရာ          –       ...
Continue Reading