Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Day

March 16, 2020
၂၀၂၀ပြည့်နှစ် မတ်လ ၁၅ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ် တို့သည် ယမန်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့  ၊ အင်းလျားလိတ်ဟိုတယ်၌ပြုလုပ်သော Convid19 အလွန် ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် လိုအပ်သည်များ စီမံဆောင် ရွက်ရေး အစည်းအဝေးသို့တက်ရောက်ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်စကားပြောကြားရာတွင် COVID-19 ဗိုင်းရပ်စ်မှာ အချိန်တိုအတွင်းပြန့်နှံ့လျက်ရှိရာ ကမ္ဘာ့နိုင်ငံတော်တော်များများတွင်ကူးစက်ခံနေရပြီဖြစ်ပါကြောင်း ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှလည်း အဆိုပါရောဂါပိုးကို ကူးစက်ပျံ့နှံနိုင်သော ကမ္ဘာလုံးဆိုင်ရာ ကပ် ရောဂါ (Pandemic) အဖြစ် မတ်လ ၁၁ ရက်နေ့က ကြေငြာခဲ့ပါကြောင်း ၊ သို့ဖြစ်၍ ခရီးသွား လုပ်ငန်းမှာလည်း ကျဆင်းခဲ့ရပါကြောင်း၊ နိုင်ငံတကာ လေကြောင်း လိုင်းအချို့ ယာယီရပ်ဆိုင်း ခြင်း ၊ နယ်စပ် ဝင်/ထွက်ပေါက်များ ယာယီပိတ်ခြင်းများလည်းဖြစ်လာပါကြောင်း၊ပြန်လည်တည်ငြိမ်မည့်ကာလကို မှန်းဆ၍ မရသေးပါကြောင်း၊ သို့ဖြစ်ပါ၍ စီးပွားရေးသက်ရောက်မှုများကို ကုစားနိုင် ရေးနှင့်...
Continue Reading
နေပြည်တော်၊ မတ်လ (၁၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယ ဝန်ကြီး ဉီးတင်လတ်တို့သည် အမေရိကန် ဝါရှင်တန်မြို့ အခြေစိုက် United States Institute of Peace (USIP) ၏ အကြီးတန်း အကြံပေး Ms. Priscilla Clapp နှင့်အဖွဲ့ကို ၁၂-၃-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊  ကမ္ဘာလှည့်ခရီးသည်များအတွက် အတွေ့အကြုံသစ်များ ရရှိစေရန်  ဆွဲဆောင်မှုရှိသော ခရီးစဉ် ဒေသအသစ် ဖော်ဆောင်မှုများ၊ COVID-19 တားဆီးကာကွယ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ ကမ္ဘာလှည့်ခရီးသည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ဘေးကင်း လုံခြုံအဆင်ပြေစွာ...
Continue Reading
နေပြည်တော်၊ မတ်လ ၁၆ ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       အသက်ရှုလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019 (COVID-19 ) ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) က ၁၁-၃-၂၀၂၀ ရက် မြန်မာစံတော်ချိန်ည ၁၁:၁၃ နာရီအချိန်တွင် သတ်မှတ်ကြေငြာခဲ့ပါသည်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19 ) သည် လူစုလူဝေး များပြားရာနေရာများတွင် လျင်မြန်စွာကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊...
Continue Reading