Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

April 28, 2020
၂၀၂၀ပြည့်နှစ်၊ဧပြီလ ၂၈ရက် ၁။           Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၃/၂၀၂၀) ဆုံးဖြတ်ချက် အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပထမအသုတ်အဖြစ် လုပ်ငန်း (၈၈) ခုကိုချေးငွေထုတ်ယူခွင့်ပြုခဲ့ရာအဆိုပါလုပ်ငန်းများအနက်မှ မြန်မာ့စီးပွားရေးဘဏ်၏ စိစစ်ချက်အရချေးငွေထုတ်ပေးရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ပူးတွဲ (က) ပါ လုပ်ငန်း (၈၅) ခုကိုချေးငွေများထုတ်ပေးလျက်ရှိပါသည်။ ၂။            ဆက်လက်၍ဒုတိယအသုတ်အဖြစ်ပူးတွဲ (ခ) ပါ လုပ်ငန်း (၁၁၃) ခုအားCOVID-19 Fund မှချေးငွေထုတ်ယူခွင့်ပြုလိုက်ပါသည်။ ၃။           အဆိုပါ ချေးငွေထုတ်ယူခွင့် ရရှိသူများအားမြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်၍ ချေးငွေများထုတ်ပေးလျက်ရှိပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာများအားချေးငွေများဆက်လက်ထုတ်ပေးနိုင်ရေးစိစစ်ဆောင်ရွက်လျက်ရှိပါ ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။  
Continue Reading
နေပြည်တော်၊ ဧပြီလ (၂၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့်ဒုတိယ ဝန်ကြီး ဉီးတင်လတ်တို့သည် မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် COVID-19 Crisis ကြောင့် ခရီးသွားလုပ်ငန်းများ ထိခိုက် ခံစားနေရမှုများကို လျော့ပါးသက်သာစေရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သောစီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ COVID-19 Crisis ကာလ အတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများအား ပြန်လည်ကုစားနိုင်ရေး ဆောင်ရွက်ရန် ကိစ္စရပ်များညှိနှိုင်းဖော်ထုတ်ရန် အလုပ်ရုံဆွေးနွေးပွဲဖြစ်သော  Online  Workshop on COVID-19 Crisis Management: React, Rethink, Recover ကို ၂၇.၄.၂၀၂၀  ရက်နေ့ ၊ နံနက်ပိုင်းတွင် ဝန်ကြီးရုံး၊ နီလာ အစည်းအဝေး ခန်းမ၌ Video Conferencing ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်...
Continue Reading