Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

June 24, 2020
နေပြည်တော်ကောင်စီ နှင့်တိုင်းဒေသကြီး/ ပြည်နယ်များတွင် နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကို ကန့်သတ်ထားမှုများ   နေပြည်တော်၊ ဇွန်လ (၂၃) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံ အဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ COVID-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက်  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များမှ နိုင်ငံခြားသားများ ဝင်ရောက်သွားလာခြင်းကို ကန့်သတ်မှုများ ထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ  Stay Home သတ်မှတ်ထားသည့် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်သော နိုင်ငံခြားသားများမှအပ မြန်မာနိုင်ငံတွင် တရား၀င် နေထိုင်သွားလာခွင့် ရရှိထားသည့် နိုင်ငံခြားသားများသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ သတ်မှတ်ထားရှိသည့် လုံခြုံရေးကန့်သတ်ချက်ရှိသော နယ်မြေဒေသများမှ အပ ကျန်ဒေသများသို့ ကန့်သတ်မှု မရှိ သွားလာနိုင်ကြောင်း သိရှိရပါသည်။ ၃။ သို့ပါ၍ ဖော်ပြပါ သတ်မှတ်ချက်ကို...
Continue Reading
နေပြည်တော်၊ ဇွန်လ (၂၄) ရက် (၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူ ပါဝင်ရေး ကော်မတီအစည်းအဝေးကို မလေးရှားနိုင်ငံမှ ဥက္ကဋ္ဌ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပူးတွဲဒုတိယ ဥက္ကဋ္ဌများအဖြစ်ကြီးမှူး၍ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့ နေ့လည် ၁၂:၃၀ နာရီမှ ညနေ ၃:၃၀နာရီအထိ လည်းကောင်း၊  (၉)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းအရင်းအမြစ် များ ကြီးကြပ်အကဲဖြတ်ခြင်းကော်မတီအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှ ဥက္ကဋ္ဌနှင့် မြန်မာ နိုင်ငံမှ ဒုတိယဥက္ကဋ္ဌအဖြစ် ကြီးမှူး၍ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂၃)ရက်နေ့ နေ့လည် ၁၂:၃၀ နာရီမှ ညနေ ၃:၃၀နာရီအထိ လည်းကောင်း Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များနှင့်...
Continue Reading
နေပြည်တော်၊ ဇွန်လ (၂၄) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ် ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ Coronavirus Disease 2019 (COVID-19) နှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Community Based Facility Quarantine (CBFQ) ဝင်ရောက်ရန် သတ်မှတ်ထားရှိချက်များအား အောက်ပါဖော်ပြပါအတိုင်း ထုတ်ပြန်ထားရှိ ပါသည်။ ၃။      သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် သက်ဆိုင်ရာ ဒေသအလိုက်သတ်မှတ်ထုတ်ပြန်ထားရှိချက်များအားသိရှိလိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။
Continue Reading
နေပြည်တော်၊ ဇွန်လ (၂၃) ရက် ယနေ့ (၂၃-၆-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်သည့် ခရီးသွားလုပ်ငန်း ကော်မတီ (၂/၂၀၂၀)  ကြိမ်မြောက် အစည်းအဝေးကို ဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ကော်မတီဝင်များဖြစ်ကြသော နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ခရီးသွားလုပ်ငန်း အဖွဲ့အစည်း ကိုယ်စားလှယ်များက Online မှ ပါဝင်တက်ရောက် ကြပါသည်။ အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ...
Continue Reading