Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Day

July 15, 2020
၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ (၇-၇-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၀) ၌ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဉီးဟင်နရီဗန်ထီးယူ အမှာစကားပြောကြားခဲ့ရာတွင် ဒုတိယအဆင့်အနေဖြင့် ခရီးသွားလာရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် Reopening ကို လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲပြီး ပြည်ဝင်ခွင့်များ ပြန်လည်ပေးအပ်၍ လေဆိပ်များ ပြန်လည်ဖွင့်လှစ်သည်ကို ယခုနှစ်၏ တတိယသုံးလပတ်နောက်ပိုင်းမှသာ မျှော်လင့်နိုင်သဖြင့် ပြည်တွင်း ခရီးသွားလုပ်ငန်းဖြင့် စတင်ရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားထားရှိပါသည်။ ၂။       ထိုပြောကြားချက်သည် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဉီးဟင်နရီဗန်ထီးယူ အနေဖြင့် မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ် ပြေးဆွဲခြင်းနှင့် လေဆိပ်များ ပြန်လည်ဖွင့်လှစ်ခြင်းကို ရည်ညွှန်းပြောကြားခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံ...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၁၅) ရက် UMFCCI မှ ရိုက်ကူးတင်ဆက်ထုတ်လွှင့်မည့် UMFCCI Webinar Series; New Beginning Through Renewed Partnerships Series တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဉီးတင်လတ်က Video Conferencing ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဉီးမောင်မောင်ဆွေက Moderator အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်၏ ဆွေးနွေးမှုအား ဆက်လက်ဖော်ပြပါမည်။
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၁၅) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များရှိ မြို့အဝင်/ အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်မှုများအား ရုပ်သိမ်းသွားရန် လမ်းညွှန်ထားရှိပါသည်။ ၃။      သို့ဖြစ်ပါ၍ ပြည်တွင်းခရီးသွားများနှင့် ၎င်းတို့ကို ဝန်ဆောင်မှုပေးနေသည့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် အပိုဒ် (၂) ပါ လမ်းညွှန်မှုအား သိရှိနိုင်ပါရန် အကြံပြုအပ်ပါသည်။
Continue Reading
၁။         ယခင် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဥပဒေ (၁၉၉၃) နှင့် တည်ဆဲမြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေ(၂၀၁၈) တို့အားဖောက်ဖျက်ပြီး လိုင်စင်မဲ့လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁-၄-၂၀၁၆ မှ ၂၅-၅-၂၀၂၀ အတွင်း) – (က)    ရန်ကုန်တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသို့ လိုင်စင်မဲ့ခရီးလှည့်လည်ရေးလုပ်ငန်း(၁)ခု၊ လိုင်စင်မဲ့ဟိုတယ်လုပ်ငန်း(၁)ခုသာ တိုင်ကြားမှုရှိခဲ့ပြီး ကျန်နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများသို့ တိုင်ကြားမှုများမရှိခဲ့ကြောင်းစိစစ်တွေ့ရှိရပါသည်။ (ခ)     ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးခွဲများအနက် ရန်ကုန်တိုင်းဒေသကြီးရုံးခွဲတွင် ခရီးလှည့်လည်ရေးလုပ်ငန်း(၆)ခု နှင့် ဟိုတယ်လုပ်ငန်း(၂)ခုကို စည်းကမ်းဖောက်ဖျက်မှုနှင့်ပတ်သက်၍ တိုင်ကြားမှုများ ရှိခဲ့ပြီး ကျန်နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးခွဲများသို့    တိုင်ကြားမှုများမရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ (ဂ)     မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့်ညီနောင်(၁၁)သင်းမှတစ်ဆင့် တိုင်ကြားမှုများမရှိခဲ့ကြောင်းစိစစ်တွေ့ရှိရပါသည်။ (ဃ)    တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ၂။       သို့ဖြစ်ပါ၍...
Continue Reading