Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

July 22, 2020
နေပြည်တော်၊ ဇူလိုင်လ (၂၂) ရက် ကယားပြည်နယ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၀) ကြိမ်မြောက် အစည်း အဝေးကို (၂၂.၇.၂၀၂၀) ရက်နေ့နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဌ ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကော်မတီ ဒုတိယဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များနှင့်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင်ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဌ ဝန်ကြီးချုပ်၊ ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မတီ အတွင်းရေးမှူးက လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ် ပြည်တွင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်ရေး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသများအား ကွင်းဆင်းစစ်ဆေးရာ (၁၉-၇-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၄ မိုင် ၂ ဖာလုံရှိ Swiss-Myanmar Orchards Eco Resort နှင့် လှည်းကူးမြို့နယ် ရေကျော်ကျေးရွာရှိ Mother Earth Organic Farm သို့ သွားရောက်ကာ Eco-tourism နှင့် Farm Tourism ခရီးစဉ်ဒေသအဖြစ် ဖော်ဆောင်နိုင်မှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ ဝန်ကြီးဌာနပိုင် မြေနေရာနှင့် ပန်းဘဲတန်းမြို့နယ်ရှိ ဝန်ကြီးဌာနပိုင် အဆောက်အဉီနေရာများသို့...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၂) ရက် တနင်္သာရီတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး (၄/၂၀၂၀) ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့၊ မွန်းလွှဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဉက္ကဌ၊ ဝန်ကြီးချုပ် ဦးမြင့်မောင်၊  ဒုတိယဉက္ကဌ သယံဇာတနှင့်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ထားဝယ်ရုံးခွဲ) ညွှန်ကြားရေးမှူး ဦးညိုအေး၊ ကော်မတီဝင် များနှင့် ဖိတ်ကြားထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဌ၊ ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူးက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေး (၃/၂၀၂၀)...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဖွင့်လှစ်သင်ကြားသည့် Hotel Guest List Management System သင်တန်းကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ B.I.T.C (ဘုတ်ကျောင်း) ပုဂံမြို့ဟောင်းတွင် ၁၇-၇-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ) တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး သင်တန်းသို့ ပုဂံ-ညောင်ဦးမြို့ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ကွန်ပျူတာကျွမ်းကျင်သည့် သင်တန်း သား ၊ သင်တန်းသူ စုစုပေါင်း (၁၃) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ Hotel Guest list Management System သင်တန်းဖွင့်လှစ်ခြင်းအားဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ ပြည်တွင်း/ပြည်ပ...
Continue Reading