Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

July 27, 2020
နေပြည်တော်၊ ဇူလိုင် (၂၆) ရက် ယနေ့(၂၆-၇-၂၀၂၀)ရက်နေ့နံနက်ပိုင်းတွင် ခရီးသွားလုပ်ငန်းစီမံကိန်းဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးတင်လတ် ဦးဆောင်၍ ရန်ကုန်မြို့ Center for Tourism Development (CTD) ၌ ကျင်းပရာ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး‌‌ ဒေါ်နော်ပန်း သဥ္ဇာမျိုး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁)သင်းမှ ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။ ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးတင်လတ်က ယခုခရီးသွားလုပ်ငန်းပင်မစီမံကိန်း ၂၀၂၁-၂၀၂၅ သည်ယခင်ပင်မစီမံကိန်းကိုအခြေခံ၍ COVID-19 အလွန်တွင် ပြောင်းလဲလာမည့် ခရီးသွား လုပ်ငန်းပုံစံသစ်နှင့် လိုက်လျောညီထွေမှုရှိအောင်၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပြုစု ရေးဆွဲထားပါကြောင်း၊ ပင်မစီမံကိန်းတွင် မဟာဗျူဟာ(၆) ရပ်ပါဝင်ပြီး မဟာဗျူဟာများကို ထိရောက်စွာအကောင်ထည်ဖော်ဆောင်နိုင်ရန် လက်ရှိအမှန်တကယ်ဖြစ်ပေါ်နေသည့်အခြေအနေ နှင့် ကိုက်ညီမှုရှိစေရန်အတွက် လက်တွေ့...
Continue Reading