Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

September 29, 2020
ကိုးရီးယားနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ပညာသင်နှစ်တွင် သင်ကြားမည့် KDI School of Public Policy and Management, One Year Master’s Programs  ပညာသင်ဆုများသို့ ဤ၀န်ကြီးဌာနမှ အရည်အချင်း ပြည့်မီသူ ၀န်ထမ်းများအနေဖြင့် http://apply.kdischool.ac.kr/ http://admissions.kdischool.ac.kr/ Website တွင် ဝင်ရောက်ကြည့်ရှု လျှောက်ထားနိုင်ပါကြောင်း အကြောင်းကြားလာပါသဖြင့် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စိတ်ပါဝင်စားသူဝန်ထမ်းများသည် မိမိတို့၏ ဌာနအကြီးအကဲ ထံ တင်ပြ၍ ဝင်ရောက်လျှောက်ထားနိုင်ရေးအတွက် သိရှိနိုင်ပါရန် ဖော်ပြ အပ်ပါသည်။
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၂၈)ရက် (၃၇)ကြိမ်မြောက် အာဆီယံ+ တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အစည်းအဝေးကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့၊ နေ့လည့် (၁၂:၃၀)နာရီတွင် Video Conferencing ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ ပူးတွဲဥက္ကဋ္ဌများအဖြစ် ကမ္ဘောဒီးယားနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ အာဆီယံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်၍ တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြပါသည်။ အာဆီယံ+၃ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့အစည်းအဝေးများတွင် အာဆီယံ+၃ ခရီးသွားလုပ် ငန်းပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့နှင့် ပူး​ပေါင်းအကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေ အနေများ၊ အာဆီယံ+၃ခရီးသွားလုပ်ငန်းပူး​ပေါင်းဆောင်ရွက်ရေး Work Plan...
Continue Reading