Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

October 14, 2020
နေပြည်တော်၊ အောက်တိုဘာလ (၁၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယနေ့         (၁၄-၁၀-၂၀၂၀) ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်သည့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ ဒသမအကြိမ်အစည်းအဝေးသို့ Video Conferencing  ဖြင့် Online မှ ပါဝင်တက်ရောက်ပြီး အစည်းအဝေးတွင် COVID-19 ကပ်ရောဂါကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများအပေါ် သက်ရောက်မှုအခြေအနေများ၊ ချေးငွေဆိုင်ရာကိစ္စရပ်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအပေါ် သက်ရောက်မှုများကို ကုစားရန် ကာလတိုနှင့်ကာလရှည် ဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Continue Reading
နေပြည်တော်၊ အောက်တိုဘာလ (၁၃) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ မြန်မာနိုင်ငံသားများ အကြောင်းအရင်းအမျိုးမျိုးဖြင့် ထိုင်း၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လိုပါက လိုက်နာဆောင်ရွက်ရန်လိုအပ်သော အောက်ဖော်ပြပါ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိုအပ်ချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များအား သိရှိလိုက်နာဆောင်ရွက်ရန် အကြံပြုအပ်ပါသည်။ ပြည်ဝင်ခွင့်ဆိုင်ရာကန့်သတ်ချက်များအား https://bit.ly/3jVKJOq link တွင် အသေးစိတ် ကြည့်ရှုနိုင်ပါသည်။
Continue Reading
နေပြည်တော်၊ အောက်တိုဘာလ (၁၄)ရက်           အာဆီယံခရီးသွားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအတွက် အာဆီယံခရီးသွားလုပ်ငန်း မဟာ ဗျူဟာ စီမံကိန်း(၂၀၁၆–၂၀၂၅)ကို ရေးဆွဲဆောင်ရွက်ခဲ့ရာ (၅)နှစ်ကာလရောက်ရှိပြီးဖြစ်သဖြင့် ကာလလယ်ပြန်လည်သုံးသပ်ရေးဆိုင်ရာ အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်(၇:၃၀)နာရီတွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံ–တရုတ်ဗဟိုဌာန၊ အာဆီယံ– ဂျပန်ဗဟိုဌာန၊ အာဆီယံ–ကိုရီးယား ဗဟိုဌာန၊ အာဆီယံမိတ်ဖက်အဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ မှကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကခရီးသွား လုပ်ငန်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်၍ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကခရီးသွား လုပ်ငန်းအဖွဲ့များဖြစ်သည့်...
Continue Reading
နေပြည်တော်၊ အောက်တိုဘာလ (၁၃) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံ အဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ မြန်မာနိုင်ငံအတွင်း အကြောင်းအရင်းအမျိုးမျိုးဖြင့် သွားရောက်ရန်ရှိသော ပြည်တွင်း ခရီးသွားမိဘပြည်သူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သတ်မှတ်ထားသော အောက်ဖော်ပြပါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်နိုင်ရေး အမိန့် ကြေညာချက်များအား သိရှိလိုက်နာဆောင်ရွက်ရန် အကြံပြုအပ်ပါသည်။ COVID-19 ကြိုတင်ကာကွယ်နိုင်ရေး အမိန့်ကြေညာချက်များကို https://bit.ly/3l9wDKc Link တွင် Download ရယူနိုင်ပါသည်။
Continue Reading