Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

October 21, 2020
နေပြည်တော်၊ အောက်တိုဘာလ (၂၁) ရက် (၁၀) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်းဈေးကွက်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ နံနက် ၈:၀၀ နာရီတွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စင်ကာပူနိုင်ငံမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံခရီးသွား ဈေးကွက်မြှင့်တင်ရေး အဆင့်မြင့်အရာရှိနှင့် ဈေးကွက်မြှင့်တင်ရေးအေဂျင်စီမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ယခုအစည်းအဝေးသည် အာဆီယံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး မဟာဗျူဟာ စီမံကိန်း ၂၀၂၁-၂၀၂၅ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ ၂၀၂၁ခုနှစ်အတွက် လုပ်ဆောင်သွားမည့် ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေး အစီအမံများနှင့် အာဆီယံချိတ်ဆက် ဆောင်ရွက်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၅) အရ...
Continue Reading
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID-19 ကာလအလွန်တွင် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုဆိုင်ရာ အကြောင်းအရာများကို Website များ၊ Online Channel များမှတဆင့် Digital Marketing နည်းလမ်းများဖြင့် မြှင့်တင်ကြော်ငြာပေးလျက်ရှိပါသည်။ ၂။ ထိုသို့ဆောင်ရွက်ရာတွင်လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်မှုရှိစေရန်အတွက်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များ ခေါင်းစဉ်ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ Video များ (4K and HDR Quality Video များနှင့် 360° Video များ) စုစည်းရိုက်ကူးခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များ အနေဖြင့် EOI အဆိုပြုလွှာ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ (က) EOI...
Continue Reading