Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Day

December 27, 2021
နေပြည်တော် ဒီဇင်ဘာ ၂၅ ပြင်ဦးလွင်မြို့ “၂၀၂၁ ခုနှစ် ခရစ္စမတ်အထိမ်းအမှတ် မိတ်ဆုံညစာစားပွဲ အခမ်းအနား”  ကို ယမန်နေ့ ညနေပိုင်းက ပြင်ဦးလွင်မြို့၊ သစ်တောသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူးနှင့် အရာရှိကြီးများ၊ သိက္ခာတော်ရ ဘုန်းတော်ကြီးများ၊ ဆရာတော်များ၊ သီလရှင်များ၊ ခရစ်ယာန်ဘာသာဝင် ဧည့်သည်တော်များ တက်ရောက်ကြ သည်။ မိတ်ဆုံစားပွဲတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး အားလုံးတို့သည် မိမိတို့ယုံကြည်ကိုးကွယ်ဆည်းကပ်ရာ ဘာသာတရား၏ အထိမ်းအမှတ် အခါကြီး နေ့ကြီးများ၊ ပွဲလမ်းသဘင်များ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ မတူညီ ကြသော်လည်း အချင်းချင်းတစ်ဦးပေါ်တစ်ဦး မေတ္ထာတရားထားရှိကာ ယုံကြည်မှု၊ စည်းလုံးညီညွတ်ခြင်းများဖြင့် အတူတကွ...
Continue Reading
နေပြည်တော် ဒီဇင်ဘာ ၂၃ Digital Transformation in Tourism: The Future of Myanmar ခေါင်းစဉ်ဖြင့် ပြုလုပ်သောအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ယခင်က နိုင်ငံတကာဧည့်သည်များ ခရီးသွားလာရာတွင် Lonely Planet ကဲ့သို့ စာအုပ်စာစောင်များ ကိုင်ဆောင်သွားလာခဲ့ကြသော်လည်း ယနေ့ခေတ်တွင် smart phone ထဲ၌ application များ ထည့်သွင်းအသုံးပြုပြီး မိမိသွားလိုသည့်နေရာများသို့ သွားရောက်လည်ပတ်လျက်ရှိပါကြောင်း၊ ဟိုတယ်တည်းခိုမှုများတွင်လည်း booking ပြုလုပ်ရာ၌ online မှ တစ်ဆင့်အသုံးပြု၍ လုပ်ဆောင်လာကြပါကြောင်း၊ ထို့အတွက် ဒစ်ဂျစ်တယ်နည်းပညာရပ်သည် အရေးကြီး သော အခန်းကဏ္ဍတစ်ရပ်ဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကူးပြောင်းကြိုးစားကြရာတွင်လည်း...
Continue Reading